DVB Logo
Home
မြန်မာသတင်း
ယနေ့နံနက် လက်ပံတောင်းပစ်ခတ်မှု ၂ ဦး ထပ်မံဒဏ်ရာရ
DVB
·
December 23, 2014
ယနေ့နံနက် လက်ပံတောင်းပစ်ခတ်မှု ၂ ဦး ထပ်မံဒဏ်ရာရ
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြန်မာဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်မှုအပေါ် တားမြစ်တဲ့ ဆည်တည်းရွာသားတွေကို ဒီမနက် ရာဘာကျည်ဆန်နဲ့ ပစ်ခတ်တာကြောင့် ၂ ဦး ထပ်မံ ဒဏ်ရာရပါတယ်။

Latpadaung 23122014(1ဒီမနက် ခြံစည်းရိုးတွေ စိုက်ထူရာ ဆည်တည်းရွာမြောက်ဘက် ကိုက် ၄၀၀ ခန့် အကွာနားထိ  ကပ်လာလို့  ရွာသားတွေက တားမြစ်တဲ့အခါ သေနတ်နဲ့ ပစ်ခတ်လို့ ရွာသားနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရတယ် ဆည်တည်းရွာသား ကိုအောင်ဌေးနိုင်က ပြောပါတယ်။

“ဒီနေ့လည်း ပစ်တယ်ဗျ။ မနက်စောစော ခုနှစ်နာရီခွဲလောက်ကို ရာဘာကျည်ဆံ ၂ ယောက်လောက် မှန်သွားတယ်ဗျ။ တယောက်က ကိုအောင်နိုင်၊ တယောက်က ကိုဌေးဝင်းဗျ။ တယောက်က ဘယ်ဘက် နှာခေါင်းဘေး မျက်စပ်အကြားမှာ၊ နောက်တယောက်ကလည်း ဘယ်ဘက် မေးရိုးမှာဗျ။”

မနေ့က ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့သလို ရွာသားအများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဒီမနက်လည်း ထပ်ပစ်တာကြောင့်  ရွာသားတွေအနေနဲ့ ဆက်မတားတော့ဘဲ ရပ်ကြည့်တဲ့အနေအထားကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

သူက “မနက်က မျက်နှာလေးမှ သစ်ကာပဲရှိသေးတယ် စက်သံတွေကြားတယ်ဆိုတော့ မနေ့ကအတိုင်းလုပ်တာပဲထင်နေတာ နောက်တော့ ရွာနား နီးလာတယ်ဆိုတော့ သူတို့က ပဲခင်းတွေ၊ ပြောင်းခင်းတွေထဲကနေ ရဲတွေ လုံထိန်းတွေက နေရာယူပြီးသား အဲဒီမှာ ကျနော်တို့က နောက်ဆုတ်မလားလို့ ပြောကြတာပေါ့ဗျာ။ ပြောတော့ သူတို့က ရာဘာကျည်ဆံတွေနဲ့ ပစ်တာဗျ။ ပစ်တော့ ကျနော်တို့လည်း နောက်ပြန်ဆုတ်ပြီး မရတော့ဘူးဆိုပြီး ကိုယ်ဖာသာကိုယ်ပဲ သူတို့ ခြံစည်းရိုးခတ်တဲ့ဘေးကနေပြီးတော့ ရပ်ပြီးတော့ ကြည့်တဲ့သူက ကြည့်၊ ထိုင်ပြီးတော့ ကြည့်တဲ့သူက ကြည့်ပေါ့ဗျာ။ ဒီတိုင်းပဲ လက်မှိုင်ချနေရတော့တာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လုံထိန်းတွေ (အနီရောင်လည်ပတ်။ ကျောပိုးအိတ် အစိမ်းရောင်) တွေက ကာကွယ်ပေးမှုအောက်မှာ တရုတ်လုပ်သားတွေဟာ ခြံစည်းရိုးခတ်တာဖြစ်ပါတယ်။ စက်ယန်းတရားတွေအသုံးပြုပြီး တကျပ်ခွဲလုံးပတ်ရှိတဲ့ သံတိုင်ချွန်ကို မြေမှာစိုက်ပြီး   လူတစ်ရပ်ခွဲစာသာသာ သံဇကာတွေကို တရုတ်လုပ်သားတွေက သွပ်နန်းကြိုးနဲ့ ချည်နှောင်ကြတာလို့ ဆိုပါတယ်။

မနေ့က အခင်းဖြစ်ပွားတဲ့ ခြံစည်းရိုးခတ်တဲ့ဖြစ်စဉ်ကို စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရဲမှူး၊ မြို့နယ်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရှိနေတယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013