DVB Logo
Home
အားကစား
ဒိုင်ကိုဝေဖန်ခဲ့သည့် မန်စီးတီးကွင်းလယ်လူ ရိုဒရီကို အရေးယူမည်
DVB
·
February 14, 2026
ဒိုင်ကိုဝေဖန်ခဲ့သည့် မန်စီးတီးကွင်းလယ်လူ ရိုဒရီကို အရေးယူမည်
Donate to DVB

အင်္ဂလန်အက်ဖ်အေ ဘောလုံးအဖွဲ့ချုပ်ဟာ ဒိုင်လူကြီးကို ဝေဖန်ခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီကို အရေးယူဖို့ စွဲချက်တင်လိုက်ပါတယ်။

စပါးအသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ  ရိုဒရီက ဒိုင်လူကြီးတွေရဲ့ စီးတီးအပေါ် ဆုံးဖြတ်ချက်တွေက မျှတမှုမရှိကြောင်း ဝေဖန်ခဲ့တာပါ။

မန်စီးတီးအသင်းက ဆုဖလားတွေ အများကြီးရယူထားတာကြောင့် လူတွေက မိမိတို့အနိုင်ရဖို့ မလိုလားတော့ကြောင်းနဲ့ ဒိုင်လူကြီးတွေအနေနဲ့  ဘက်မလိုက်ဘဲ မျှမျှတတဆုံးဖြတ်ဖို့ လိုအပ်ကြောင်း စပါးနဲ့ သရေပွဲအပြီးမှာ ရိုဒရီက ပြောခဲ့တာပါ။

ရိုဒရီအနေနဲ့ ပွဲပြီးအင်တာဗျူးတွေမှာ ဒိုင်တွေကို မသင့်တော်တဲ့ မှတ်ချက်စကားတွေ မပြုလုပ်ရဆိုတဲ့ အက်ဖ်အေရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီး လာမဲ့ဖေဖော်ဝါရီ ၁၈ ရက်မတိုင်ခင် ဖြေရှင်းချက်ပေးဖို့ အက်ဖ်အေက အကြောင်းကြားစာပို့ခဲ့ပါတယ်။

ရိုဒရီအနေနဲ့ အရေးယူမှု တခုခုရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒဏ်ကြေးအပါအဝင် ပွဲပယ် ပြစ်ဒဏ်လည်း ချမှတ်ခံရနိုင်တာကြောင့် အသင်းရဲ့ချန်ပီယံ မျှော်လင့်ချက်အတွက် ထိခိုက်သွားစေနိုင်ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013