DVB Logo
Home
မြန်မာသတင်း
နှိမ်နင်းရေးလက်နက်ဖြင့် ၃ နေရာတွင် ၁၅ ချက် ပစ်ခတ်ခဲ့ဟု အစိုးရပိုင်သတင်းစာ ဖော်ပြ
DVB
·
December 23, 2014
နှိမ်နင်းရေးလက်နက်ဖြင့် ၃ နေရာတွင် ၁၅ ချက် ပစ်ခတ်ခဲ့ဟု အစိုးရပိုင်သတင်းစာ ဖော်ပြ
Donate to DVB

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းမှာ ရဲက ပစ်ခတ်လို့ ဒေသခံရွာသူ ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ စီမံကိန်းအတွက် ခြံစည်းရုံးတိုးချဲ့ကာရံရေး လုပ်ဆောင်နေမှုတွေ တားဆီးနှောင့်ယှက်ခံရတယ်ဆိုပြီး ဖော်ပြလာပါတယ်။

ခြံစည်းရိုး ကာဖို့ အဖွဲ့ ၃ ဖွဲ့ ခွဲလုပ်ဆောင်နေစဉ်မှာ လိပ်ခွံတောင်ကြားမှာ ဒေသခံရွာသားတွေ လေးခွတွေနဲ့ အနီးကပ် ပစ်ခတ်လို့ အဓိကရုဏ်း နှိမ်နင်းရေး လက်နက် ၁၂ ဗို့ ပြောင်းချောသေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

Latpadaung 22122014အင်ကြင်းတောင်အနီးမှာလည်း ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင်နေစဉ်မှာလည်း ဒေသခံတွေက ဟန့်တားပြီး ကုမ္ပဏီက အလုပ်သမား ၁၀ ဦး ပိတ်ဆို့  ထိန်းသိမ်းခဲ့ရာက ညှိနှိုင်းမရလို့ သေနတ်နဲ့ ၈ ချက် ထပ်ပစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိပ်ခွံတောင်ပေါ်မှာ ရွာသားတွေက လေးခွနဲ့ ပစ်လို့ သေနတ်နဲ့ ၄ ချက် ထပ်မံ ပစ်ခဲ့ရတယ်လို့  ဆိုထားပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်၁၁ ဦးနဲ့ ရွာသာ ၉ ဦး ဒဏ်ရာရပြီး ရွာသူ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ရေးသားထားပါတယ်။

ဆည်းတည်းရွာသားတဦးကတော့ လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရွာသူတဦးနဲ့ ဒေသခံ ၂၀ထက် မနည်း ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။ ဒေသခံတွေက ရှေ့တက်ရင် ပစ်မှာပဲလို့ ပြောပြီး လျော်ကြေးမယူတဲ့ အခင်းတွေဘက်ကို ခြံစည်းရိုးခတ်ရာမှာ မတိုးဖို့ တားရင်းနဲ့ ပစ်ခတ်မှုဖြစ်တာလို့ဆိုပါတယ်။

လက်ရှိမှာတော့ ၀မ်ပေါင်ကုမ္ပဏီကနေပြီး အဲဒီလျော်ကြေးမယူတဲ့ဒေသခံရဲ့ လယ်မြေ ၁၀၀၀ ကျော်ကို ခြံစည်းရိုးဆက်လက်ခတ်နေကြပြီး ညနေ ၄ နာရီလောက်မှာတော့ ရွာသားတွေ ပြန်ကုန်ပြီးလို့ အဲဒီကိုရောက်ရှိခဲ့တဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်ပိုင်းက ကန့်ကွက်ဆန္ဒပြကြရာမှာ ရဲတပ်ဖွဲ့က မီးခိုးဗုံးနဲ့ပစ်ခတ်လို့ သံဃာအများအပြား မီးလောင်ဒဏ်ရာရခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013