DVB Logo
Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်သည့် သံဃာတော်များ ခရီးစဉ် အဆုံးသတ်
DVB
·
February 12, 2026
ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်သည့် သံဃာတော်များ ခရီးစဉ် အဆုံးသတ်
Donate to DVB

အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်တဲ့ ဆရာတော်တွေရဲ့ ခရီးစဉ်ဟာ မြို့တော် ဝါရှင်တန်ဒီစီရှိ လင်ကွန်း အထိမ်းအမှတ်ဗိမာန်မှာ အဆုံးသတ်ခဲ့ပါတယ်။

သံဃာတော်တွေဟာ ရက်ပေါင်း ၁၀၈ ရက်ကြာ ဒီခရီးစဉ်ဟာ မိုင်ပေါင်း ၂,၃၀၀ ကျော် ခရီးနှင်ခဲ့တာဖြစ်ပါတယ်။

ဆရာတော်တွေဟာ မြို့တော်ခန်းမကနေ လင်ကွန်းအထိမ်းအမှတ်ဗိမာန်ကို လမ်းလျှောက်ခဲ့ပြီး ပြည်နယ် ၉ ခုဖြတ်ကာ ခရီးနှင်ခဲ့မှုကို အဆုံးသတ်ခဲ့တာပါ။

ကမ္ဘာကြီးနဲ့ အမေရိကန်မှာ ငြိမ်းချမ်းမှုတွေ၊ ကြင်နာခြင်းတွေ၊ စာနာမှုတွေ သတိပြုမိအောင် ဆရာတော်တွေက ၃ လကျော် လမ်းလျှောက် ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။

ဆောင်းတွင်းအအေးဒဏ်ကို အံတုပြီး လမ်းလျှောက်ခဲ့မှုနဲ့ တချို့ဆရာတော်တွေ ဖိနပ်မပါဘဲ လျှောက်ခဲ့တဲ့ သတ္တိရှိမှုတွေကို ရိုက်တာသတင်းဌာနက ချီးကျူးဖော်ပြထားပါတယ်။

ဦးဆောင်ဆရာတော် အရှင်ပညာကာရက “ကိုယ်တော်က တရားထိုင်တဲ့သူဖြစ်ပြီး ဒီအတိုင်းပဲ နေထိုင်ပါတယ်။ တရားထိုင်တဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ငြိမ်းချမ်းရေးနဲ့ သတိရှိမှုက ကမ္ဘာပေါ်ကလူတွေကို အမှန်တကယ် ငြိမ်းချမ်းစေတယ်ဆိုတဲ့ အမှာစကား ပေးချင်ပါတယ်” လို့ မိန့်ပါတယ်။

ဆရာတော်တွေ လမ်းလျှောက်တဲ့အချိန်မှာပဲ သမ္မတထရမ့်ပ်ရဲ့ တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီတွေ အကောင်အထည်ဖော်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

မြို့တချို့မှာ အမျိုးသားအစောင့်တပ်ဖွဲ့တွေ ချထားပြီး အမေရိကန်နိုင်ငံသားတွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ဖိနှိပ်ကာ ဖက်ဒရယ်အေးဂျင့်တွေက လူ ၂ ယောက်ကို ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ချိန်လည်း ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ် ဒေတန်မှာ ထရပ်ကားတစင်းက ဆရာတော်တွေကို လိုက်ပါစောင့်ရှောက်တဲ့ ကားကို ဝင်တိုက်ခဲ့လို့ ဆရာတော် ၂ ပါး ဒဏ်ရာပြင်းထန်ခဲ့ပြီး ဆရာတော်တပါး ခြေထောက်ဖြတ်ပစ်ခဲ့ရပါတယ်။

ဒါပေမဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းရေး အမှာစကားပေးဖို့ ဆရာတော်တွေက ခရီးကို ဆက်ပြီး ချီတက်ခဲ့ကြပါတယ်။

Walk for Peace ဆရာတော်တွေကို ဆိုရှယ်မီဒီယာမှာ လူသန်းပေါင်းများစွာက အားပေးဝန်းရံခဲ့ပါတယ်။ ဒေသခံ‌တွေကလည်း ဆိုးရွားအေးခဲနေတဲ့ ရာသီဥတုဒဏ်ကို အံတုပြီး ခရီးဆက်ခဲ့ကြတဲ့ ဆရာတော်တွေကို ပန်းတွေနဲ့ ခရီးဦးကြိုဆိုခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013