DVB Logo
Home
နိုင်ငံတကာ
ထိုင်းတနိုင်ငံလုံး ဆန္ဒမဲ ပြန်လည်ရေတွက်ပေးရန် တောင်းဆို 
DVB
·
February 12, 2026
ထိုင်းတနိုင်ငံလုံး ဆန္ဒမဲ ပြန်လည်ရေတွက်ပေးရန် တောင်းဆို 
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ ထိုင်းနိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲမှားယွင်းမှုတွေ ပိုမိုကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးတဲ့နောက် တနိုင်ငံလုံးရှိ မဲရုံကစာရင်းတွေ ပြန်လည်ရေတွက်ဖို့  တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူတွေအပါအဝင် လူအင်အား ၁၀၀ ကျော်ဟာ ဖေဖော်ဝါရီ ၁၁ ရက် ဒီမနက် ၁၀ နာရီလောက်က ဘန်ကောက် ကျဲင့်ဝပ်ထနလမ်းရှိ  ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ စုဝေးရောက်ရှိလာကြပြီး  မဲတွေပြန်လည်ရေတွက်ဖို့ လာရောက်တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲက မဲရုံတွေမှာ သံသယဖြစ်စရာ တူညီတဲ့အချက်တွေတွေ့ရှိတယ်၊ မဲရေတွက်စဉ် ရုတ်တရက် လျှပ်စစ်မီးပြတ်တောက်သွားတာ၊ နယ်မြေတချို့က အနိုင်ရပါတီရဲ့  မဲအရေအတွက်ဟာ မဲပေးခွင့်ရှိ လူဦးရေထက်များနေတာ၊ မဲရေတွက်စဉ် ရလာတဲ့အဖြေနဲ့ ရလဒ်ဖော်ပြတဲ့ အရေအတွက်တူညီမှုမရှိတာ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်မှာ  မဲရလဒ် ဖော်ပြတာ နှေးကွေးတဲ့အပြင် ရလဒ်ကိန်းဂဏန်းတွေ ပြန်လျှော့ချတာတွေလည်း တွေ့ရတယ်၊ ရွေးကောက်ပွဲ ကော်မရှင်လက်အောက်ခံ ဝန်ထမ်းတွေဟာ ပြည်သူတွေကို အာဏာသုံးပြီး မချေမငံ ဆက်ဆံတာတွေရှိတယ်၊ ရွေးကောက်ပွဲကြီး မသမာမှုကင်းမဲ့စွာနဲ့ ချောမောအောင်မြင်စေဖို့က ရွေးကောက်ပွဲကော်မရှင်တွေမှာ တာဝန်ရှိတယ်၊ ကော်မရှင်လက်အောက်ခံ ဝန်ထမ်းတွေက မိမိတာဝန်ဝတ္တရား လစ်ဟင်းမှုရှိတာကြောင့် အခုလိုပြဿနာပေါ်ပေါက်လာတာဖြစ်တယ်။ ဒါကြောင့် ခုလိုလာရောက်တောင်းဆိုရတာလို့  တောင်းဆိုသူတွေက ပြောပါတယ်။ 

အဆိုပါတောင်းဆိုချက်တွေမှာ တနိုင်ငံလုံးရှိ မဲရုံမှ မဲအရေအတွက်တွေကို ပြည်သူတွေ စစ်ဆေးနိုင် အောင် ပွင့်လင်းမြင်သာစွာ ပြန်လည်ရေတွက်ဖို့၊ မသမာမှုတွေဖြစ်စေတဲ့ မဲရုံစောင့်ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေရဲ့ ကျင့်ဝတ်ကို ပြန်လည်စစ်ဆေးဖို့၊ မဲပြန်လည်ရေတွက်လို့ ရလာတဲ့ ရလဒ်တွေကို ချက်ချင်းပွင့်လင်းမြင်သာချပြဖို့၊ မဲတွေ ပြန်လည်ရေတွက်ရာမှာ ပျောက်ဆုံးတာ၊ အပိုမဲတွေ ထွက်လာတာ စတဲ့ မသင်္ကာဘွယ်ရာ မှားယွင်းတာတွေရှိရင် အဲဒီ မဲရုံကရလဒ်တွေကို ချက်ချင်းပယ်ဖျက်ပြီး ပြန်လည်ရွေးကောက်ဖို့၊ အခုလို မှားယွင်းမှုတွေ ဖြစ်ပေါ်စေတဲ့ ရွေးကောက်ပွဲကော်မရှင်နာ လူကြီးမင်း ၇ ယောက်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့အနေနဲ့ နုတ်ထွက်ပေးဖို့ စတဲ့အချက်တွေ တောင်းဆိုသွားပါတယ်။ 

တောင်းဆိုလွှာကို ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဗိုလ်မှူး နတ်ထဝပ် ဆငိမ်ဆဒ် ထောင်းန်က လာရောက်လက်ခံယူပြီး တောင်းဆိုချက်တွေကို လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်း ကမ်းတွေနဲ့အညီ စိစစ်ဆောင်ရွက်သွားရမှာဖြစ်တယ်။ ပြည်ပနဲ့ ပြည်တွင်းမှာ မဲရုံအရေအတွက်ပေါင်း ၁၀၀,၀၀၀ ကျော်ရှိတယ်၊ အဲဒီက ရလဒ်တွေကို ပြန်လည်စိစစ်စေပြီး ကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပေးသွားမယ်၊ မဲဆန္ဒရှင်တွေအနေနဲ့ ဒေါင်းလုတ်ဆွဲယူပြီး စစ်ဆေးနိုင်တယ်လို့ ပြောသွားပါတယ်။ 

လာရောက်တောင်းဆိုဆန္ဒပြသူတွေထဲက ကော်မရှင်နာရဲ့ ဖြေဆိုမှုကို အားမရတာကြောင့် မချေမငံ အော်ဟစ်ပြောဆိုခဲ့ကြပြီး  အခြေအနေ အနည်းငယ်တင်းမာခဲ့ပါတယ်။  အဆိုပါနေရာမှာတော့ ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်နဲ့ လုံခြုံရေးချထားရပါတယ်။ 

Source: The Nation TV / Bangkokbiznews / Matichon News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013