DVB Logo
Home
နိုင်ငံတကာ
ထိုင်းလိမ္မော်ရောင်ပါတီ လွှတ်တော်အမတ် ၄၄ ဦး ဥပဒေချိုးဖောက်သည်ဟု စီရင်ဆုံးဖြတ်ခံရ
DVB
·
February 10, 2026
ထိုင်းလိမ္မော်ရောင်ပါတီ လွှတ်တော်အမတ် ၄၄ ဦး ဥပဒေချိုးဖောက်သည်ဟု စီရင်ဆုံးဖြတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ အလွန်ထိရှလွယ်တဲ့ ဘုရင့်အနွယ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ အဆိုပြုခဲ့တဲ့ လိမ္မော်ရောင်သင်္ကေတ Move Forward Party ပါတီရဲ့ လွှတ်တော်အမတ် ၄၄ ယောက်ကို ထိုင်းအမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC)က ဥပဒေချိုးဖောက်ရာ မြောက်ကြောင်း ဖေဖော်ဝါရီ ၉ ရက်မှာ စီရင်ဆုံးဖြတ်လိုက်ပါတယ်။

တော်ဝင်မိသားစုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၁၂ ထဲက တချို့အပိုဒ်တွေဟာ တော်ဝင်နွယ်တွေကို အကြောင်းပြုပြီး အပြစ်မဲ့သူတွေ အပြစ်ပေး အရေးယူခံနေရတာတွေကို ပြင်ဆင်ဖို့ Move Forward Party  ပါတီ အမတ် ၄၄ ယောက်က လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လွှတ်တော်ဥက္ကဋ္ဌကို အဆိုပြုခဲ့တာပါ။

လွှတ်တော်ဥက္ကဋ္ဌက အခြေခံဥပဒေတရားရုံးကို လျှောက်လဲတင်ပြရာမှာ အခြေခံဥပဒေတရားရုံးက အဆိုပါ အဆိုပြုချက်ဟာ ဥပဒေချိုးဖောက်ရာရောက်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး Move Forward Party လည်း ဖျက်သိမ်းခံလိုက်ရတယ်။

ဒါတင်မကသေးဘဲ တောင်ဝင်ဝါဒီတွေက အဲဒီအမှုကို ထိုင်းအမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဆက်လက်တိုင်ကြားခဲ့တာမှာ အချိန် ၂ နှစ်ကျော်တွင်း အပြန်အလှန်စစ်ဆေးပြီး မနေ့ ညနေပိုင်းမှာတော့ လွှတ်တော်အမတ် ၄၄ ယောက်ဟာ နိုင်ငံရေးသမား ကျင့်ဝတ်ကို အပြင်းအထန် ချိုးဖောက်ကြောင်း စီရင်ဆုံးဖြတ်လိုက်ပါတယ်။

လုပ်ထုံးလုပ်နည်းအရ NACC ဟာ အဆိုပါအမှုကို ဗဟိုတရားရုံးချုပ်ထံ ရက်ပေါင်း ၃၀ အတွင်း ဆက်လက်တင်ပြရမှာ ဖြစ်ပါတယ်။

တရားရုံးချုပ်က အမှုစစ်ဆေးဖို့ လက်ခံလိုက်ရင်လက်ရှိ People's Party ပြည်သူ့ပါတီထဲ ရောက်နေတဲ့ အနိုင်ရလွှတ်တော်အမတ်တွေဟာ ချက်ချင်းပဲ တာဝန်က ဆိုင်းငံ့ထားခံရမှာ ဖြစ်ပါတယ်။

တရားရုံးချုပ်က စစ်ဆေးပြီး အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ရင်တော့ အဆိုပါ လွှတ်တော်အမတ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခွင့် ရာသက်ပန် ဆုံးရှုံးရမှာ ဖြစ်သလို ဆန္ဒမဲပေးပိုင်ခွင့် ၁၀ နှစ်ကိုလည်း ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က Move Forward Party ဖျက်သိမ်းခံရပြီး ပါတီခေါင်းဆောင် ဖိထားလိုမ့် ကျရွန်းရတ်နဲ့ ခေါင်းဆောင် ၈ ယောက်ဟာ နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ်တာ ရပ်နားခံထားရပါတယ်။  အဲဒီနောက် ကျန်တဲ့ပါတီဝင်တွေက People's Party ဆိုတဲ့အမည်နဲ့ ပါတီပြန်ထူထောင်ပြီး နာ့ဿ်ဖုန်း ပန်းယားဝုသ်က ပါတီခေါင်းဆောင် ဖြစ်လာပါတယ်။

ပုဒ်မ ၁၁၂ ပြင်ဆင်ဖို့ အဆိုပြုလွှာ လက်မှတ်ရေးထိုး တင်ပြသူတွေထဲမှာ People's Party ကနေ ဝန်ကြီးချုပ် ရွေးချယ်ခံမဲ့ နာ့ဿ်ဖုန်း ပန်းယားဝုဒ်၊ ဆီရီကန်းယား တန်းဆကွန်း၊ ရန်းဆီ မန်းရုမ်း (လက်ရှိ နယ်စပ်ရေးရာအမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌ၊ ဝီးရို့ လက်ဆနအဒီးဆွန်၊ ဒေါက်တာ ဝါးယိုး အဆဝရုန့်ရိန်း စတဲ့ ရဲရင့်ထက်မြက် တက်ကြွတဲ့ ခေါင်းဆောင်တွေအပြင် ဒီလ ၈ ရက် ရွေးကောက်ပွဲမှာ ပူပူနွေးနွေး အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်ပါ ပါဝင်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး People's Party ဥက္ကဋ္ဌ နတ်ထဖုန်းက တရားဥပ‌ဒေအတိုင်း ရင်ဆိုင်သားမှာဖြစ်တယ်၊ ပါတီရဲ့ ဥပ‌ဒေရေးရာဌာနကလည်း ချေပလျှောက်လဲဖို့ ပြင်ဆင်ထားတယ်၊  ပုဒ်မ ၁၁၂ ပြင်ဆင်ရေး အဆိုပြုလွှာမှာ သူလည်း ပါဝင်လက်မှတ်‌‌ရေးထိုးခဲ့ကြောင်း ဝန်ခံတယ်၊ ဒါပေမဲ့ စွပ်စွဲခံရသလို ပုဒ်မ ၁၁၂ နဲ့ ထောင်ကျနေသူတွေကို သူ့လက်မှတ်နဲ့ သွားပြီး အာမခံ ထုတ်ယူခဲ့တာတော့ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

Move Forward Party ပါတီဟာ လွန်ခဲ့တဲ့ ၅ နှစ်က တနိုင်ငံလုံးမှာ မဲအများဆုံး၊ လွှတ်တော်အမတ်ဦး‌ရေ အများဆုံးနဲ့ အနိုင်ရခဲ့ပေမဲ့လည်း တော်ဝင်ဥပဒေပုဒ်မ ၁၁၂ ပြင်ဆင်မယ် ဆိုတာကြောင့် အထက်လွှတ်တော်အမတ် ၉၀ ရာခိုင်နှုန်းရဲ့ ထောက်ခံမှု မရခဲ့လို့ ပါတီခေါင်းဆောင် ဖိထားလည်း ဝန်ကြီးချုပ်ဖြစ်ဖို့ လွဲခဲ့ရတဲ့အပြင် နိုင်ငံ‌‌ရေးပါတီထဲဝင်ခွင့် ၁၀ နှစ်တာ ပိတ်ပင်ခံထားခဲ့ရပါတယ်။

၂၀၂၆ ရွေးကောက်ပွဲမှာလည်း ခေတ်ပညာတတ် လူငယ်အများစု ပါဝင်တဲ့ People's Party ဟာ လူငယ်လူရွယ်တွေကြား လွန်စွာ‌ရေပန်းစားပြီး ဝန်ကြီးချုပ်လောင်း စစ်တမ်းတွေမှာလည်း ပါတီခေါင်းဆောင် နာ့ဿ်ဖုန်းဟာ အလားအလာ အလွန်ကောင်းခဲ့တယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ဖုမ်းကျိုင်းထိုင်းပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။

တကယ်လို့ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်တောင် ပုဒ်မ ၁၁၂ ကြောင့် အရင် ၂၀၂၁ ခုနှစ်ကလိုပဲ ပြဿနာပြန်ဖြစ်မှာပဲလို့ ထိုင်းနိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

Source: matichon / CH7 HD News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013