DVB Logo
Home
နိုင်ငံတကာ
အီရန် နျူကလီးယားစက်ရုံကို အပြင်းအထန် တိုက်ခိုက်မည်ဟု အမေရိကန် သတိပေး
DVB
·
July 22, 2026
Photo: REUTERS/Evelyn Hockstein
Photo: REUTERS/Evelyn Hockstein
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ အီရန်ရဲ့ ပစ်ခက်ဇ်တောင် မြေအောက်နျူကလီးယားစက်ရုံကို “မကြာမီ” အပြင်းအထန် စတင်တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၂၂ ရက်မှာ သတိပေးပါတယ်။

အီရန်ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက အဲဒီနေ့အစောပိုင်းမှာ ဒီလိုတိုက်ခိုက်မှုမျိုးကို စစ်ပွဲတိုးချဲ့မှု အဖြစ် သတ်မှတ်ပြီး ဒေသတွင်းက အမေရိကန်နဲ့ မဟာမိတ်အကျိုးစီးပွားအားလုံးဟာ တရားဝင် ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။ 

အီရန်ဟာ စက်ဒလက်တွေကို ပစ်ခက်ဇ်တောင် မြေအောက် နျူကလီးယားစက်ရုံဆီ ရွှေ့ပြောင်းခဲ့သလားလို့ သတင်းထောက်တွေက အိမ်ဖြူတော်မှာ မေးတဲ့အခါ ထရမ့်ပ်က အမေရိကန် ပြည်ထောင်စုဟာ “မှတ်တမ်းတင်ထားတာ မရှိပါဘူး” လို့ ပြောပါတယ်။

အီရန်မြေအောက်နျူကလီးယားစက်ရုံဟာ နာတန်ဇ် ယူရေနီယမ် သန့်စင်စက်ရုံရဲ့ တောင်ဘက် ၁ ဒသမ ၆ ကီလိုမီတာ အကွာမှာ တည်ရှိပြီး နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတဲ့ ဥမင်လိုဏ်ခေါင်းနှစ်ခု ပါလို့ အီရန်ရဲ့ အခိုင်မာဆုံး မြေအောက်နျူကလီးယား စက်ရုံတွေထဲက တခုလည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အီရန်စစ်ပွဲ ကုန်ကျစရိတ်ဟာ အခုအချိန်အထိ အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလျံ ကုန်ကျခဲ့ပြီးပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီထ် ဟက်ဇက်က ဇူလိုင် ၂၁ရက်မှာ ပြောပါတယ်။ 

ဒါဟာ နောက်ဆုံးလူသိရှင်ကြား ခန့်မှန်းချက်ထက် အမေရိကန်ဒေါ်လာ ၈ ဘီလီယံနီးပါး တိုးလာတာပါ။ စက်တင်ဘာ ၃၀ ရက်အထိ ခန့်မှန်းထားတဲ့ ကုန်ကျစရိတ်တွေလည်း ပါတယ်လို့ ဟက်စ်ဇက်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။ 

အမေရိကန်စစ်တပ်က အီရန်အပေါ် စစ်ဆင်ရေးတွေ ပြန်စပြီးကတည်းက လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို ဟက်ဇက်က လူသိရှင်ကြား ရင်ဆိုင်ခဲ့ရတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013