DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် တကယ်ဆုံးဖြတ်ချက်ချနိုင်တဲ့သူသာ ဆွေးနွေးသင့်ဟု ဦးခွန်ထွန်းဦး ပြော
DVB
·
December 22, 2014
ငြိမ်းချမ်းရေးအတွက် တကယ်ဆုံးဖြတ်ချက်ချနိုင်တဲ့သူသာ ဆွေးနွေးသင့်ဟု ဦးခွန်ထွန်းဦး ပြော
Donate to DVB

ငြိမ်းချမ်း​ရေးအတွက်​ ဆွေး​နွေးရာမှာ တကယ်ဆုံးဖြတ်ချက်ချနိုင်တဲ့သူ​တွေသာ ​ဆွေး​နွေးသင့် တယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက​ ပြောဆိုလိုက်ပါတယ်။

UNA 22122014ရန်ကုန်မြို့ ​ရွှေဂုံတိုင် ​တော်ဝင်နှင်းဆီခန်းမမှာပြုလုပ်တဲ့ ယူအန်အေ ခေါ် စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုများမဟာမိတ်အဖွဲ့ ညီလာခံရဲ့ အဖွင့်မိန့်ခွန်းမှာ​ ပြောကြားလိုက်တာပါ။ အဲ့ဒီ ညီလာခံကို ဒီဇင်ဘာလ ၂၂ ရက်​နေ့က​နေ ၂၄ ရက်​နေ့ထိ ၃ ရက်ကြာ ပြုလုပ်မှာဖြစ်ပါတယ်။

ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က “MPC မှာက စကား​ပြောဖို့ပဲ တာဝန်ရှိတယ်။ သူ့မှာဆုံးဖြတ်ပိုင်ခွင့် မရှိခဲ့ဘူး။ လုပ်ပိုင်ခွင့်လည်း မ​ပေးခဲ့ဘူး။ အဲ့ဒါ​ကြောင့်​ ဆွေး​နွေးတဲ့လူချင်းချင်းမှာ ဘာမှအ​ဖြေမပြနိုင်တာ ဒါဟာပြဿနာပဲ။ အမှန်ဆိုလို့ရှိရင် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တပ်မ​တော်ရယ်၊ MPC ရယ်၊ ​နောက်ပြီး​တော့ ငြိမ်းချမ်း​ရေးအဖွဲ့ရယ်​ပေါင်းလိုက်လို့ရှိရင်​တော့ တကယ့်တမ်း​စေတနာမှန် စိတ်မှန်မှန်နဲ့ ​ပြောင်းလဲမယ်ဆိုရင်​တော့ ရနိုင်ပါတယ်။ အခုဖြစ်​နေသလို ​ဆွေး​နွေးတာက တမျိုး၊ ဆုံးဖြတ်ချက်ချတာက တ​ယောက်ဆို​တော့ ဒီငြိမ်းချမ်း​ရေးကနှစ်​ပေါင်း ၁၀၀ ​ဆွေး​နွေးလည်း မပြီးပါဘူး။ ​ဆွေး​နွေးတဲ့သူကို တိကျတဲ့ ဆုံးဖြတ်ချက်အာဏာ​ပေးမှသာလျှင် ဒီကိစ္စက ပြီးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါ​ကြောင့်​ဆွေး​နွေးပုံ ​ဆွေး​နွေးနည်း​တွေဟာ အများကြီး​ ပြောင်းသင့်​နေပါပြီ”လို့ ပြောပါတယ်။

MPC နဲ့ ငြိမ်းချမ်း​ရေး​အဖွဲ့​တွေ ဆွေး​နွေး​နေတာဟာ ၃ နှစ်​ကျော်ရှိ​နေပြီးခါမှ လွှတ်​တော်ထဲ ယူသွားမယ်ဆိုတဲ့ကိစ္စဟာ မဖြစ်သင့်ဘူး လို့လည်း ဆိုပါတယ်။

“လွှတ်​တော်ထဲယူသွားပြီး​တော့ ​ဆွေး​နွေးမယ်ဆိုရင် ​ပြောစဉ်အခါက လွှတ်​တော်ထဲမှာ မ​ပြောကြပဲနဲ့ ဆုံးဖြတ်ချက်​ပေးတဲ့အခါမှ လွှတ်​တော်ထဲမှာ ဆုံးဖြတ်ချက်​ပေးမယ် ဆိုတာလည်း သဘာဝမကျပါဘူး။ ကျ​နော်ဆိုလိုရင်းက​တော့ ဒီမှာ အဆိုးဆုံး​နေရာ​က​တော့ ဘာလဲဆိုလို့ရှိရင် ဒီလိုသာသွားမယ်ဆိုရင်​တော့ ငြိမ်းချမ်း​ရေးက​တော့ ဒီလိုပဲ​ဝေး​နေမှာပဲ။ သူတို့က အချက်အလက်​တွေသိပါလျက်နဲ့ ​ရှောင်ရှားပြီး​တော့ ဒီငြိမ်းချမ်း​ရေးက ဘယ်နည်းနဲ့မှ လမ်းစမရနိုင်ဘူးဆိုတာ ကျ​နော်တို့ ယုံကြည်ပါတယ်။”

ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်​နေတဲ့ စည်းလုံးညီညွတ်​သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ရဲ့ ဆွေးနွေးပွဲကို အဖွဲ့ဝင်ပါတီ ၈ ခုစလုံးက ကိုယ်စားလှယ်​တွေ တက်​ရောက်​နေကြပြီး လက်ရှိမြန်မာ့ နိုင်ငံရေးအကျပ်အတည်းဆိုက်နေတာ အဖြေရှာဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး နည်းလမ်းရှာဖို့ အဓိက ဆွေးနွေးကြမှာလို့ အဖွဲ့ဝင် ဦးအေးသာအောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ညီလာခံမှာ UNA ရဲ့ နို်င်ငံရေး ရပ်တည်ချက်၊ ဖွဲ့စည်းပုံမူကြမ်းနဲ့ နောက်ဆုံးရက်မှာ မိတ်ဘက် နိုင်ငံရေးပါတီများနဲ့ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။

UNA ညီလာခံ ကျင်းပနေချိန်မှာ အစိုးရနဲ့ တိုင်းရင်းသားတွေ အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ညီညွတ်သော တို်င်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013