DVB Logo
Home
အားကစား
မန်စီးတီးက လီဗာပူးကို အနိုင်ရသည့်ပွဲ၌ VAR အငြင်းပွားမှုဖြစ်ပွား
DVB
·
February 9, 2026
မန်စီးတီးက လီဗာပူးကို အနိုင်ရသည့်ပွဲ၌ VAR အငြင်းပွားမှုဖြစ်ပွား
Donate to DVB

မနေ့ညက လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက သွင်းယူခဲ့တဲ့ တတိယအနိုင်ဂိုးကို ဗီဒီယိုအကူဒိုင် (VAR) က ပယ်ဖျက်ခဲ့တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ပွဲပြီးခါနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လီဗာပူးကစားသမား ဒေါ့မနစ် ဆိုဘော့စ်လိုင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို မန်စီးတီးရဲ့ ဂိုးကိုလည်း ခွင့်မပြုခဲ့ပါဘူး။

ဒီဆုံးဖြတ်ချက်ကြောင့် ကစားသမားတွေနဲ့ ဘောလုံးသုံးသပ်သူတွေကြားမှာ စိတ်ပျက်မှုတွေနဲ့ အငြင်းအခုံတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ ပွဲအပြီးမှာတော့ မန်စီးတီးက ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီ VAR ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး Sky Sports ရဲ့ သုံးသပ်သူ ဂယ်ရီနဗီးလ်က ရာသီရဲ့ အကောင်းဆုံး အခိုက်အတန့်တွေထဲက တခုကို ဖျက်ဆီးလိုက်တာပဲလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Sky Sports ရဲ့ နောက်ထပ်သုံးသပ်သူ မိုက်ကာရစ်ချက်ကတော့ ဂိုးပယ်ဖျက်ခံရတာ စိတ်ပျက်စရာကောင်းပေမဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့အညီ မှန်ကန်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါကတော့ ဆိုဘော့စ်လိုင်ရဲ့ လုပ်ရပ်ဟာ ပွဲပယ်ပြစ်ဒဏ်ခံရနိုင်တာကြောင့် မလုပ်သင့်တဲ့ မိုက်မဲတဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို တလိမ့်လိမ့်ဝင်သွားတဲ့ ဘောလုံးနောက်ကို ဆိုဘော့စ်လိုင်နဲ့အတူ အပြိုင်လိုက်ပြေးပြီး အပြန်အလှန် နောက်ကနေဆွဲခဲ့ကြတဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကတော့ ဒိုင်လူကြီးဟာ စည်းမျဉ်းအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့ အနီကတ်ပြခံရတဲ့ ဆိုဘော့စ်လိုင်အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကြားထဲကပဲ မန်စီးတီးအသင်းဟာ အရေးပါတဲ့ ၂-၁ ဂိုးနဲ့ အနိုင်ရလဒ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အနီကတ်ပြခံခဲ့ရတဲ့ ဆိုဘော့စ်လိုင်ကတော့ ဂိုးသွင်းခွင့်ကို တားဆီးခဲ့တာကြောင့် တပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ရမှတ်ကွာဟမှုကို ၅ မှတ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013