DVB Logo
Home
ပညာရေး/နည်းပညာ
ရက် ၆၀ အတွင်း ၄ ပွင့်ဆိုင်တွေ့ဆုံရန် သပိတ်မှောက်ကျောင်းသားများ ထပ်မံတောင်းဆို
DVB
·
December 22, 2014
ရက် ၆၀ အတွင်း ၄ ပွင့်ဆိုင်တွေ့ဆုံရန် သပိတ်မှောက်ကျောင်းသားများ ထပ်မံတောင်းဆို
Donate to DVB

1549312_817732724931896_8301051195688356713_nအမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေက သတ်မှတ်အချိန် ပေးထားတဲ့ ရက်ပေါင်း ၆၀ အတွင်း ၄ ပွင့်ဆိုင်တွေ့ဆုံရေးကို ထပ်မံတောင်းဆို လိုက်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ညပိုင်းက ရတနာပုံတက္ကသိုလ်ရှေ့ တွင် တက္ကသိုလ်အသီသီးမှ ဗကသ ကျောင်းသား အယောက်၂၀ခန့်က စတေကာ ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။ အစပိုင်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လာရောက်တားဆီး ခဲ့ကြတယ်လို့ ကျောင်းသားတွေကပြောပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ညှိနှိုင်းပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် NNER နဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး ဖော်ဆောင်မှု ဦးဆောင်ကော်မတီတို့ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုထားကြတာပါ။

သပိတ်မှောက်ကျောင်းသားတွေ သတ်မှတ်ပေးတဲ့ ရက်ပေါင်း ၆၀ ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တလပြည့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013