DVB Logo
Home
Lead Story
မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ် ပုဂ္ဂလိက ကုမ္ပဏီ တာဝန်ယူပြေးဆွဲ
DVB
·
December 22, 2014
မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ် ပုဂ္ဂလိက ကုမ္ပဏီ တာဝန်ယူပြေးဆွဲ
Donate to DVB

Train1မန္တလေး-မြစ်ကြီးနား မီးရထားခရီးကို ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ မင်္ဂလာရှုခင်း ခရီးသွားကုမ္ပဏီတခုက ဒီဇင်ဘာလ ၂၂ ဒီနေ့ကစပြီး တာဝန်ယူပြေးဆွဲနေပြီ ဖြစ်ပါတယ်။

မြန်မာ့မီးရထားရဲ့ ပထမဆုံးပုဂ္ဂလိက လွှဲပြောင်းပေးလိုက်တဲ့ မီးရထားခရီးစဉ်ဖြစ်ပြီး လက်မှတ်ခနှုန်းထားတွေက အရင်နှုန်းထားတွေထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားပါတယ်။ မီးရထားပေါ်မှာ ရေ၊ မီးရရှိပြီး သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်လို့ ရထားပေါ်မှာ နေ့လယ်စာကျွေးမယ့် အစီအစဉ်လည်း ပါရှိတယ်လို့ အဲ့ဒီကုမ္ပဏီက ကြေညာထားပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ ရထားတွဲဆိုင်းနှစ်ဆိုင်းနဲ့ အစုန်အဆန် ပြေးဆွဲသွားမှာဖြစ်ပြီး ရိုးရိုးတန်းရထားလက်မှတ် ကျပ် ၈၃၀၀၊ အထူးတန်း ၁၆၅၀၀ ကျပ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013