DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ATM ငွေထုတ်စက်များမှ ငွေကြေးလိမ်လည် ထုတ်ယူသူ နိုင်ငံခြားသား ၅ ဦး ဖမ်းမိ
DVB
·
December 22, 2014
ATM ငွေထုတ်စက်များမှ ငွေကြေးလိမ်လည် ထုတ်ယူသူ နိုင်ငံခြားသား ၅ ဦး ဖမ်းမိ
Donate to DVB

To match Insight MYANMAR-BANKS/အိန္ဒိယနိုင်ငံသား အများစုပါဝင်တဲ့ နိုင်ငံခြားသား ၅ ယောက်ကို ပုဂ္ဂလိကဘဏ်တွေရှိ ATM ငွေထုတ်စက်တွေက ငွေကြေးလိမ်လည်ထုတ်ယူလို့ ဖမ်းဆီးအရေးယူထားတယ်လို့ ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အင်္ဂလန်နိုင်ငံသားတယောက်နဲ့ အိန္ဒိယနိုင်ငံသား ၄ ယောက်တို့ဟာ ပုဂ္ဂလိကဘဏ်တွေရှိ ATM ငွေထုတ်စက်တွေရဲ့ အားနဲ့ချက်တွေအပေါ် အခွင့်ကောင်းယူပြီး နည်းပညာသုံးကာ ငွေကြေးလိမ်လည်ထုတ်ယူခဲ့ကြတာဖြစ်တယ်လို့ သတင်းအရ သိရပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့လအတွင်း ရန်ကုန်ရှိ ပုဂ္ဂလိကဘဏ် ၆ ခုက ATM ငွေထုတ်စက်တွေမှာ အကြိမ်ပေါင်း ၅၈ ကြိမ်ထက်မနဲ ငွေကြေး လိမ်လည်ထုတ်ယူခဲ့ကြပြီး သူတို့ကို ဖမ်းဆီးမိချိန်မှာ ငွေကျပ် ၂၅၂ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။

တရားခံတွေကို ဖမ်းဆီးစစ်ဆေးနေပြီး တယောက်ကတော့ ထွက်ပြေးလွတ်မြောက် နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းမှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013