DVB Logo
Home
မြန်မာသတင်း
ယူပီဒဗလျူစီနှင့် အန်စီစီတီ လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး ပြုလုပ်
DVB
·
December 22, 2014
ယူပီဒဗလျူစီနှင့် အန်စီစီတီ လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး ပြုလုပ်
Donate to DVB

[caption id="attachment_74506" align="alignright" width="471"]ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အကြိုညှိနှိုင်းများကို ဒီဇင်ဘာလ ၅ ရက်နေ့ ကျင်းပပြုလုပ်စဉ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အကြိုညှိနှိုင်းမှုများကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျင်းပပြုလုပ်စဉ်[/caption]

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာပါ။

ဆွေးနွေးပွဲကို အန်စီစီတီ အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုကွယ်ထူးဝင်း ဦးဆောင် တက်ရောက်မှာ ဖြစ်ပြီး အစိုးရဖက်က ၀န်ကြီး ဦးအောင်မင်းနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။ အခုလို အစည်းအဝေး လုပ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အကြိုညှိနှိုင်းတွေ ပြုလုပ်ခဲ့ရပါတယ်။

အစိုးရနဲ့တိုင်းရင်းသားတွေ အပစ်ရပ်ရေး ငြိမ်းချမ်ရေး ဆွေးနွေးပွဲတွေဟာ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ဆွေးနွေးပွဲတွေအတွင်းမှာ မကျေလည်မှုတွေကြောင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ နှောင့်နှေးနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013