
ယူကရိန်းအကျဉ်းသား ၁၅၇ ယောက် လွတ်မြောက်လာပြီဖြစ်တယ်လို့ ယူကရိန်းသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက တယ်လီဂရမ်မှာ ဖော်ပြပါတယ်။
အဲဒီအကျဉ်းသားတွေထဲက ၁၃၉ ယောက်ဟာ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခံရသူတွေ ဖြစ်ပါတယ်။
အဘူဒါဘီမှာ ၂ ရက်ကြာ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် အခုလို အကျဉ်းသားလဲလှယ်ဖို့ ဆုံးဖြတ်ချက်ရခဲ့တာပါ။
အကျဉ်းသား ၃၁၄ ယောက် လဲလှယ်ဖို့ သဘောတူခဲ့တာဖြစ်ပြီး ယူကရိန်းနယ်စပ်မှာ ဖေဖော်ဝါရီ ၅ ရက်က ပြန်လွှတ်ပေးခဲ့တာပါ။
ယူကရိန်းမှာ ပြန်လွတ်မြောက်လာတဲ့ အကျဉ်းသား ၁၅၇ ယောက်အနက် ၇ ယောက်က အရပ်သားတွေလို့ ဆိုပါတယ်။
ရုရှားစစ်သား ၁၅၇ ယောက်လည်း ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက နောက်ဆုံးအကျဉ်းသားလဲလှယ်ခဲ့ဖူးပြီး ၂၀၂၆ ခုနှစ်မှာ ပထမဆုံးအကြိမ် အကျဉ်းသားလဲလှယ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို အကျဉ်းသားလဲလှယ်မှုဟာ တိုးတက်မှုရှိတဲ့ရလဒ် ဖြစ်တယ်လို့လည်း အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအကျော့ဟာ အဓိကကျတဲ့ ကွဲပြားမှုတွေကို မဖြေရှင်းနိုင်ဘဲ အကျဉ်းသားလဲလှယ်မှုနဲ့ အဆုံးသတ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











