DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတက္ကသိုလ်အနီး ဖွင့်လှစ်ထားသည့် အလုံပိတ်ဆိုင်များကို ဖျက်သိမ်း
DVB
·
February 5, 2026
ဟင်္သာတတက္ကသိုလ်အနီး ဖွင့်လှစ်ထားသည့် အလုံပိတ်ဆိုင်များကို ဖျက်သိမ်း
Donate to DVB

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ဖွင့်ထားတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ဟင်္သာတတက္ကသိုလ်အနီးက အလုံပိတ်ဆိုင်ခန်းတွေကို တိုင်းအစိုးရအမိန့်နဲ့ ဖယ်ရှား ရှင်းလင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ အလုံပိတ်ဆိုင်ခန်းတွေကို ဟင်္သာတတက္ကသိုလ်အနီး မြို့ရှောင်လမ်းမှာ ဖွင့်ထားတာ အချိန် ၂ လကျော်ကျော်အထိ ရှိနေပြီဖြစ်ပြီး ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေက မသင့်လျော်ကြောင်း ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် တိုင်းအစိုးရအမိန့်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဖယ်ရှားရှင်းလင်းနေတာလို့ သိရပါတယ်။

ဟင်္သာတမြို့ခံ အမျိုးသမီးတယောက်က “မနေ့ ဖေဖော်ဝါရီ ၄ ရက်က လာဖျက်သိမ်းတာ တွေ့ရတယ်။ အလုံပိတ်အခန်းတွေက ဖွင့်ထားတာ ကြာပါပြီ။ လုံးဝမသင့်လျော်လို့ တက္ကသိုလ်နဲ့ အရမ်းနီးလို့ မြို့ခံတွေနဲ့ ကျောင်းသားမိဘတွေက ပြောဆိုတော့မှ ဖျက်သိမ်းတာ။ တာဝန်ရှိသူတွေ အကုန်ပါတယ်၊ မသိဟန်ဆောင် ဖျက်သိမ်းတာ။ ပြည်သူတွေ ကိုယ့်အိမ်ကိုယ်နေရတာတောင် ထောက်ခံစာနဲ့ နေရတဲ့ခေတ်ကို အလုံပိတ်အခန်းဖွင့်တာ သူတို့ (အုပ်ချုပ်ရေးအဖွဲ့က) က မသိဘူးဆိုတာ ရယ်စရာ” လို့ ပြောပါတယ်။

အဲဒီ အလုံပိတ်ဆိုင်ခန်းတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ ပူးပေါင်းဖွင့်လှစ်ထားတာဖြစ်ပြီး အခု စစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ်အမိန့်နဲ့ အလုံပိတ်ဆိုင်ခန်းတွေကို ဖျက်သိမ်းနေတာလို့ သိရပါတယ်။

ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်တပ်နဲ့ ရဲတွေ ဖျက်သိမ်းနေတာ။ အလုံပိတ်တဲနဲ့ စားသောက်ခန်းဖွင့်တဲ့သူတွေကို အရေးယူမယ်ပေါ့။ အခုလို တက္ကသိုလ်အနီး အလုံပိတ်ဆိုင် ဖွင့်ထားတာကို တာဝန်ရှိသူတွေဘက်က လုံးဝမသိရှိဘူးဆိုပြီး ငြင်းပြီး ရှောင်ထွက် ဖုံးဖိ ရှင်းလင်းနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အခုလို တက္ကသိုလ်အနီး အလုံပိတ်ဆိုင်ခန်းတွေ ဖွင့်ထားတာကို လုံးဝမသိရှိကြောင်းနဲ့ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်နေတာကို စစ်ဆေးတွေ့ရှိရတာကြောင့် ကာယကံရှင်တွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ အစိုးရအဖွဲ့ကို လိမ်လည်တင်ပြထားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013