DVB Logo
Home
မြန်မာသတင်း
လူငယ်များ နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
December 21, 2014
လူငယ်များ နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

လူငယ်တွေ နိုင်ငံရေးမှာ စိတ်ပါဝင်စားစွာ လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်နှစ်တရာပြည့် မွေးနေ့အကြို ဂုဏ်ပြုပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာလ ၂ဝ ရက် ညပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် (ဗဟို) က ကြီးမှူးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာပါ။

လူငယ်တွေအနေနဲ့ ဒီမိုကရေစီလမ်းပေါ်ကို ခိုင်ခိုင်မာမာ ရောက်ရှိအောင် လူကြီးလူငယ်အားလုံး လက်တွဲလုပ်ဆောင်ရမယ့် အချိန်ကို ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

[caption id="attachment_74493" align="aligncenter" width="617"]ဓာတ်ပုံ - NLD Chairperson ဓာတ်ပုံ - NLD Chairperson[/caption]

သန့်ရှင်းတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ကြဖို့၊ နိုင်ငံအပေါ် တကယ်စေတနာထား လုပ်ဆောင်ကြဖို့ အပြင် လူငယ်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ခေတ်မီပစ္စည်းတွေနဲ့ပဲ အာရုံစိုက်မနေဘဲ နိုင်ငံရေးကို လေ့လာအာရုံစိုက်ဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီရောက်ရှိနိုင်ဖို့အတွက် လူတဦးတယောက်ချင်းစီ ၀ိုင်းဝန်းကြိုးစားရင် မုချအောင်မြင်နိုင်မယ်လို့လည်း ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အကြိုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာ ကျရောက်မယ့် နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဖျော်ဖြေပွဲတွေကို ရန်ကုန် အပါအ၀င် မြို့တချို့မှာ ကျင်းပနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013