DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့် မကွေးကို ဗဟိုပြုပြီး အားပြင်းငလျင် ၂ ကြိမ်လှုပ်
DVB
·
February 4, 2026
ရခိုင်နှင့် မကွေးကို ဗဟိုပြုပြီး အားပြင်းငလျင် ၂ ကြိမ်လှုပ်
Donate to DVB

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းထဲက မြို့ ၂ မြို့ အနီးကို ဗဟိုပြုပြီး ဖေဖော်ဝါရီ ၃ ရက် ညက အင်အားပြင်းငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

မကွေးတိုင်းထဲက စေတုတ္တရာမြို့နယ်နဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့အနီးမှာ အင်အား ၆ ဒသမ ၀ အဆင့်ရှိတဲ့ ငလျင်နဲ့ ၅ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တွေ မနေ့ည ၁၀ နာရီကျော်မှာ လှုပ်ခတ်ခဲ့တာပါ။

အဲဒီ ငလျင်လှုပ်ခတ်မှုတွေကို ဒေသခံတွေ သိသိသာသာ ခံစားခဲ့ရပြီး ထိခိုက်ပျက်စီးမှု ရှိမှာကို စိုးရိမ်ခဲ့ကြပေမဲ့ ဒီကနေ့မနက်ဘက် ရရှိတဲ့ နယ်မြေသတင်းအချက်အလက်တွေအရ အပျက်အစီးနဲ့ ထိခိုက်မှု တစုံတရာ မရှိဘူးလို့ သိရပါတယ်။

မင်းပြားမြို့နယ် ဒေသခံတယောက်က “လှုပ်တာတော့ တော်တော်ကြမ်းတယ်။ ဒါပေမဲ့ အပျက်အစီးတော့ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်အပြီး တနှစ်နီးပါးအကြာမှာ ထပ်မံလှုပ်ခတ်ခဲ့တဲ့ အင်အား ၆ ဒသမ ၀ အဆင့်ရှိတဲ့ ဒီနောက်ဆက်တွဲငလျင်ရဲ့ တုန်ခါမှုကို မကွေး၊ ရခိုင်နဲ့ အထက်မြန်မာပြည်ဘက်က မြို့အတော်များများမှာ ခံစားခဲ့ရပြီး ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့လည်း ပညာရှင်တွေက သတိပေးထားပါတယ်။

ဒီငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်လို့ ရခိုင်မှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က “လက်လှမ်းမီသလောက် မြို့နယ်တွေကို စုံစမ်းကြည့်တော့ အပျက်အစီးသတင်းတော့ မကြားမိပါဘူး။ ဘေးကင်းတယ်လို့ ယူဆရပါတယ်” လို့ ပြောပါတယ်။

မိုးဇလက မနေ့ညပိုင်းက ထုတ်ပြန်တဲ့အထဲမှာ စေတုတ္တရာမြို့အနီးကို ဗဟိုပြုပြီး ည ၁၀ နာရီ ၄ မိနစ်မှာ အင်အား ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ည ၁၀ နာရီ ၂၁ မိနစ်မှာ အင်အား ၅ ဒသမ ၂ အဆင့်ရှိ ငလျင် ထပ်လှုပ်ခဲ့တာလို့ ဆိုပါတယ်။

ပညာရှင်တွေရဲ့အဆိုအရ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အင်ဒိုဘားမား တွန့်ခေါက်ကြောပေါ်မှာ လှုပ်ခတ်ခဲ့တာဖြစ်လို့ အင်အားပြင်းငလျင်တွေ ထပ်လာနိုင်ချေ ရှိနေသေးတာကြောင့် ပြည်သူလူထုအနေနဲ့ သတိထားနေထိုင်ကြဖို့ လိုအပ်တယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013