DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် အပန်းဖြေခရီးသွား ဧည့်သည် ၁ ဦး တောဆင်ရိုင်း တိုက်ခိုက်ခံရပြီး သေဆုံး 
DVB
·
February 3, 2026
ထိုင်းတွင် အပန်းဖြေခရီးသွား ဧည့်သည် ၁ ဦး တောဆင်ရိုင်း တိုက်ခိုက်ခံရပြီး သေဆုံး 
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်၊ ခေါဝ်ယိုင်တောင်ပေါ်စခန်းမှာ အပန်းဖြေခရီး ထွက်သူတယောက်  ဖေဖော်ဝါရီ ၂ ရက် မနေ့မနက်က တောဆင်ရိုင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

လုပ်ပူရီခရိုင်က အသက် ၆၅ နှစ်အရွယ် အမျိုးသားနဲ့ ဇနီးဖြစ်သူတို့ဟာ ခေါဝ်ယိုင် တောင်ပေါ်စခန်းမှာ လာရောက်အပန်းဖြေနေတာ ဖြစ်တယ်။

မနေ့မနက်စောစော ၆ နာရီလောက်က လေညင်းခံရင်း လေ့ကျင့်ခန်းလုပ်နေစဉ် မုန်ယိုနေတဲ့ တောဆင်ရိုင်းတကောင် ရောက်လာကာ ဇနီးဖြစ်သူက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အမျိုးသားက ခြေထောက်သိပ်မသန်တာကြောင့် မပြေးနိုင်ဘဲ ဆင်တိုက်ခိုက်ခံလိုက်ရတာလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာဟာ သူတို့နားခိုတဲ့ ယာယီဗိုလ်တဲနဲ့ မီတာ ၂၀ ခန့်သာ ကွာဝေးတယ်၊ အဲဒီနီးနားတဝိုက်မှာလည်း ယာယီဗိုလ်တဲထိုးပြီး အိပ်နေသူတွေ ရှိနေတယ်၊ ဆင်ရဲ့ တိုက်ခိုက်သံ အမျိုးသားရဲ့ အော်ဟစ်အကူအညီတောင်းသံတွေ ကြားနေရပေမဲ့ အန္တရာယ်ကြီးလှတာကြောင့် ဘယ်သူမှ အပြင်မထွက်ရဲကြဘူး၊ ဆင်ကြီး ပြန်ထွက်သွားပြီး မိုးစင်စင်လင်းမှ ခြေပြတ်၊ လက်ပြတ်နဲ့ တကိုယ်လုံး သွေးတွေဖုံးနေတဲ့ အဆိုပါအမျိုးသားအလောင်းကို တွေ့ရတာလို့ ဆိုပါတယ်။

သဘာဝဘေးမဲ့တောဥယျာဉ် တာဝန်ရှိသူတွေက အဆိုပါနေရာကို ယာယီပိတ်လိုက်ပြီး လုံခြုံရေး အပြည့်ချထားလိုက်တယ်၊ အဆိုပါ ဆင်ကြီးအမည်မှာ ဖလိုင်းအွဲ့ဝမ် လို့ခေါ်ပြီး  အရင်ကလည်း မုန်ယိုကာ လူ ၂ ယောက်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်၊ ဒီလူက တတိယမြောက်ပါတယ်။

သေဆုံးသူအတွက် သစ်တောဥယျာဉ် တာဝန်ရှိသူတွေက နာရေးကိစ္စ အကုန်တာဝန်ယူပြီး ကရုဏာကြေး ဘတ် ၅ သိန်းပါ ပေးလျော်မယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

Source: Amarin TV / CH7 HD News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013