DVB Logo
Home
မြန်မာသတင်း
ပန်းခြံတွင် အဆောက်အဦဆောက်လုပ်မှုကန့်ကွက်သည့် ခေါင်းဆောင်များကို တရားစွဲ
DVB
·
December 21, 2014
ပန်းခြံတွင် အဆောက်အဦဆောက်လုပ်မှုကန့်ကွက်သည့် ခေါင်းဆောင်များကို တရားစွဲ
1 / 2
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ အားကစားကွင်းမှာ အဆောက်အဦ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့အပေါ် ဆန္ဒဖော်ထုတ်ဟောပြောခဲ့ကြတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီး အပါအ၀င် ခေါင်းဆောင် ၅ ဦးကို ပုဒ်မ ၁၉နဲ့ တရားစွဲဆိုလိုက်ပါတယ်။

ပန်းခြံ အားကစားကွင်းမှာ စုစည်းပြီး တောင်ဥက္ကလာပခရိုင် စည်ပင်ရုံးရှေကို သွားရောက်ကာ ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ဦးကိုကိုကြီး၊ ဒေါက်တာ စောနိုင်၊ ဦးမျိုးခင် (ခေါ်) ဦးမုန်းခက်၊ ဦးနိုင်ကိုလင်းနဲ့ ဦးအောင်မောင် (ခေါ်) ဦးစစ်မောင်တို့ကို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ မနက် ၉ နာရီက ဆန္ဒပြဟောပြောခဲ့ကြပြီးတဲ့နောက် တောင်ဥက္ကလာပ မြို့နယ်မှူး ဦးမျိုးအောင်က တရားစွဲတာဖြစ်တယ်လို့  နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမျိုးခင်က ပြောပါတယ်။

50f7cfa4e12e4254abb381ac1f73af162ad1ed2a103c34dd8ba089e865af077e“ကျနော်တို့က ဥပဒေကိုလေးစားတယ်၊ ဥပဒေကို လေးစားပေမယ့် သူတို့ ဥပဒေက ရှေ့စကား နောက်စကား မညီတဲ့ ဥပဒေဖြစ်နေတယ်၊ ကျနော့်အနေနဲ့က ဘာပြောလဲဆိုတော့ ဒီ ၉ ရပ်ကွက် အားကစားကွင်းကို  မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းပေါ့ သူတို့က ရန်နိုင်ကုမ္ပဏီကို ခွင့်ပြုပြီးတော့ ဆောက်လုပ် လိုက်တယ်ဗျာ၊ အဲဒါကို ကျနော်က လက်မခံဘူး ဒါဟာ တာဝန်မဲ့ ဂုဏ်သိက္ခာမဲ့လုပ်တယ်လို့ ယူဆတယ်၊ နောက်တချက် ဒါတရားဝင် ဓားမြတိုက်တယ်လို့ ယူဆလိုက်တယ်လေ၊ ဒါဒီနေ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေမှာ လုံးဝတာဝန်ရှိပါတယ်၊ မြို့တော်ဝန် ဦးလှမြင့်မှာ လုံးဝ တာဝန်ရှိပါတယ်” လို့  ဦးမျိုးခင်က ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို ဥပဒေနဲ့ အညီ စာတင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်သလို တာဝန်ရှိသူတွေက တာမွေမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်မှာ ဆန္ဒပြဖို့ ခွင့်ပြုခဲ့ပေမယ့် လက်မခံဘဲ ၉ ရပ်ကွက် အားကစားကွင်းရှေ့မှာ ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့က ခွင့်ပြုချက် တောင်ဥက္ကလာမှာတောင်းတာကို သူတို့က ကျိုက္ကဆံဟစ်တိုင် မဆိုင်တဲ့နေရာမှာ ပေးတယ်လေ၊ သူတို့ ငြိမ်းစီဥပဒေမှာလည်း ပါတယ်လေ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိရင် ငြင်းဆန်ခြင်းမပြုရဆိုတာလည်း ပါတယ်လေ၊ ကျနော်တို့ကလည်း ကျနော်တို့ပြမယ့် နေရာမှာ ပြမယ်ဆိုတော့ တမင်သက်သက် ကျနော်တို့ကို ပုဒ်မ ၁၉ မငြိငြိအောင်လုပ်သလိုဖြစ်နေတယ်” လို့ တရားစွဲခံရတဲ့ ဒေါက်တာ စောနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီပန်းခြံကို မြို့တော်ဝန်က သိမ်းယူပြီး အဆောက်အဦ ဆောက်လုပ်ဖို့ စီစဉ်ခဲ့တဲ့ အတွက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဆန္ဒဖော်ထုတ်ခဲ့တဲ့ အတွက် စီမံကိန်းက ရပ်တန့်သွားခဲ့ပေမယ့် ဒုတိယအကြိမ် စီမံကိန်းကို အကောင်ထည်ဖော်ဖို့ စီစဉ်နေတာတွေ တွေ့ရှိရတဲ့ အတွက် အခုလို ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013