
ရုရှားဘောလုံးအသင်းတွေကို ပြိုင်ပွဲကစားခွင့်ပြန်လည် ပေးအပ်နိုင်ဖို မျှော်လင့်ကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုက ပြောပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စတင်ပြီး ရုရှားဘောလုံးအသင်း အားလုံးကို ပြိုင်ပွဲ ကစားခွင့်ပိတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ သက်တမ်းအလိုက် လူငယ်အသင်း တွေကို ပွဲကစားခွင့်ပြန်ပေးဖို ဖီဖာဘက်က စီစဉ်လာခဲ့တာပါ။
ရုရှားဘောလုံးအသင်းတွေကို ပွဲကစားခွင့် သေချာပေါက်ပေးရမှာဖြစ်ပြီး ပိတ်ပင်မူတွေက အောင်မြင်မှု တခုမှ မရရှိခဲ့ဘဲ စိတ်ပျက်စရာတွေနဲ့ အမုန်းတရားတွေကိုပဲ ဖန်တီးနိုင်ခဲ့ကြောင်း ဖီဖာဥက္ကဋ္ဌက ပြောပါတယ်။
ယူကရိန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စတင်တာနဲ့ တပြိုင်နက် ရုရှားဘောလုံးအသင်းတွေကို ပြိုင်ပွဲကစားခွင့် ပြန်ပေးဖို့ စီစဉ်မယ်လို့ ဖီဖာဥက္ကဋ္ဌက ပြောပါတယ်။
Photo:Reuters










