
ခရစ္စတယ်ပဲလေ့အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ဝုဗ်တိုက်စစ်မှူး စထရန်းလာဆင်ကို ပေါင် ၄၈သန်းနဲ့ အပြီးသတ်ခေါ်ယူ နိုင်ခဲ့ပါတယ်။
အသင်းကနေ ထွက်ခွာ ခွင့်တောင်းဆိုထားတဲ့ ပြင်သစ်တိုက်စစ်မှူး မက်တေတာရဲ့ နေရာမှာ လာဆင်နဲ့ အစားထိုးခဲ့တာဖြစ်ပေမဲ့ မက်တေတာရဲ့ အေစီမီလန်အသင်းဆီပြောင်းရွှေ့မဲ့အစီအစဉ်က စာရွက်စာတမ်း နောက်ကျမူကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။
ပဲလေ့အသင်းဟာ အဲဗာတန်က ဒွိက်မက် နေးလ်ကိုလည်း ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခွင့်ရရှိမဲ့ အငှားစာချုပ် တရပ်နဲ့ ခေါ်ယူဖို သဘောတူညီမှု ရရှိခဲ့ပေမဲ့ အချိန်မီမလုပ်ဆောင်နိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပါတယ်။
ပဲလေ့ဟာ စပါးတိုက်စစ်မှူး ဘရန်နန်ဂျွန်ဆင်ကိုလည်း ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး အခုနှစ် ဇန်နဝါရီဈေးကွက်မှာ မန်စီးတီးပြီးရင် ငွေကြေးအများဆုံးအသုံးပြုခဲ့တဲ့အသင်းဖြစ်ခဲ့ပါတယ်။
Photo:Reuters










