DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအ၀င် ၅ နိုင်ငံကို ချေးငွေ ဒေါ်လာ ၁၁.၅ ဘီလီယံ တရုတ်ချပေး
DVB
·
December 21, 2014
မြန်မာအပါအ၀င် ၅ နိုင်ငံကို ချေးငွေ ဒေါ်လာ ၁၁.၅ ဘီလီယံ တရုတ်ချပေး
Donate to DVB

အခြေခံအဆောက်အဦနဲ့ ထုတ်လုပ်မှု တိုးတက်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက မြန်မာအပါအ၀င် မဟာမဲခေါင်ဒေသခွဲ ၅ နိုင်ငံကို ချေးငွေ ဒေါ်လာ ၁၁.၅ ဘီလီယံ ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

တရုတ် ၀န်ကြီးချုပ် လီကီချန်းက အခြေခံ အဆောက်အဦအတွက် ဒေါ်လာ ၁ ဘီလီယံ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်း ၄၉၀ နဲ့ အထူးချေးငွေအဖြစ် ဒေါ်လာ ၁၀ ဘီလီယံ ပေးအပ်သွားမယ်လို့ ဆင်ဟွာ သတင်းက ရေးပါတယ်။

6543-5th-gms-summit-topboxမြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒီဇင်ဘာ ၁၉ ကနေ ၂၀ အထိ ကျင်းပနေတဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ်က ကြေညာလိုက်တာ ဖြစ်ပါတယ်။

ငွေကြေးထောက်ပံ့ပေးသွားမယ့် စီမံကိန်း အသေးစိတ်ကို ဖော်ပြထားပါတယ်။ ဒါ့အပြင် မဲခေါင်မြစ် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ သောင်တူးတဲ့ လုပ်ငန်းတွေမှာလည်း ဒေါ်လာ ၁၆.၄ သန်း ရင်းနှီးဖို့ တရုတ်က ကတိပေးခဲ့ပါတယ်။

မဲခေါင်မြစ် အထက်ပိုင်းမှာ ဆည်တွေ တည်ဆောက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ရေကြီးတာတွေကြောင့် တရုတ်က ဝေဖန်ခံနေရပါတယ်။

ပတ်ဝန်းကျင်နဲ့ လူမှုရေး အကျိုးသက်ရောက်မှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ဒီအစည်းအဝေး အစီအစဉ်မှာ လွှမ်းမိုးထားပါတယ်။

နိုဝင်ဘာလ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ  အခြေခံအဆောက်အဦ စီမံကိန်းအတွက် အာဆီယံ ၁၀ နိုင်ငံကို ဒေါ်လာ ဘီလီယံ ၂၀ ချေးဖို့ တရုတ်က ကတိပြုခဲ့ပါတယ်။

ဒါဟာ အာရှကို အာရုံစိုက်လာတဲ့ အမေရိကန်ကို ပညာပြလိုက်တာဖြစ်သလို ကုန်သွယ်ရေး လမ်းကြောင်းကို ပိုမိုခိုင်မာစေပြီး သယံဇာတ အရင်းအမြစ်တွေကို ရရှိအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ ၆ နိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ ပါဝင်ပြီး စုစုပေါင်း လူဦးရေ ၃၂၆ သန်းရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013