DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့်မီဒီယာကြား သတင်းရယူမှု အဆင်ပြေရေး ဆွေးနွေး
DVB
·
December 21, 2014
စစ်တပ်နှင့်မီဒီယာကြား သတင်းရယူမှု အဆင်ပြေရေး ဆွေးနွေး
Donate to DVB

စစ်တပ်နဲ့ မီဒီယာတွေကြားမှာ သတင်းရယူမှု အဆင်ပြေစေရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြ၀တီစာပေတိုက်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

media meeting copyဆွေးနွေးပွဲမှာ သတင်းမီဒီယာသမားတွေက တပ်မတော်နဲ့ ပက်သက်ပြီး သတင်းတွေ ရယူရမှာ ဥပဒေချိုးဖောက်နိုင်တဲ့ အချက်တွေကို မေးမြန်းခဲ့သလို စစ်တပ်ဘက်ကလည်း နောက်တကြိမ် တွေ့ဆုံတဲ့အခါမှာ အသေးစိတ် ထုတ်ပြန်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်တကြိမ် တွေ့ဆုံတဲ့အခါမှာ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ သတင်းရယူရေး လွယ်ကူစေဖို့ ဆွေးနွေးသွားဖို့လည်းရှိနေပါတယ်။

ဒါ့အပြင် မီဒီယာတွေက စစ်တပ်ဘက်က ပြောရေးဆိုခွင့်ရှိသူ တဦး သတ်သတ်မှတ်မှတ်ထားဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။

စစ်တပ်နဲ့ မီဒီယာသမားတွေရဲ့ နောက်တကြိမ်တွေ့ဆုံမှုကို လာမယ့် ဇန်န၀ါရီလထဲမှာ ပြုလုပ်ဖို့ သဘောတူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013