DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဒေါ်လာဘီလီယံ ၃၀ သုံးရန် မဲခေါင် ၆ နိုင်ငံသဘောတူ
DVB
·
December 20, 2014
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း  ဒေါ်လာဘီလီယံ ၃၀ သုံးရန် မဲခေါင် ၆ နိုင်ငံသဘောတူ
Donate to DVB

ရှေ့လာမယ့် ၁၀ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အသုံးပြုဖို့ ဒေါ်လာ ဘီလီယံ ၅၁ သန်းရဲ့ တစိတ်တပိုင်းထဲက ဒေါ်လာဘီလီယံ ၃၀ကို နိုင်ငံတခုနဲ့ တခုချိတ်ဆက်ရာမှာ  အသုံးပြုဖို့ မဟာမဲခေါင် ဒေသခွဲ ၆ နိုင်ငံသဘောတူညီခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒီဇင်ဘာ ၁၉ ကနေ ၂၀ အထိ ကျင်းပနေတဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးမှာ အခုလို သဘောတူညီခဲ့တာလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းစာက ရေးပါတယ်။ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်နေပါတယ်။

မြန်မာနဲ့ ထိုင်းက မဲဆောက်-မြ၀တီ ဒုတိယတံတားတခု ထပ်မံတည်ဆောက်တာ၊ ထိုင်းနဲ့လာအို အကြား ၅ ခုမြောက် ချစ်ကြည်ရေးတံတား တည်ဆောက်တာတွေလည်း ပါဝင်ပါတယ်။

[caption id="attachment_74417" align="aligncenter" width="559"]သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - ဦးရဲထွဋ်ဖေ့စ်ဘွတ်ခ်) သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - ဦးရဲထွဋ်ဖေ့စ်ဘွတ်ခ်)[/caption]

ကဏ္ဍ ၇ ခုမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်သလို နယ်စပ်တလျှောက် အထူး စီးပွားရေးဇုန်တွေ တည်ဆောက်တာနဲ့ အဓိက ရထားလှမ်း ၂ ခု တည်ဆောက်တာတို့ ပါဝင်ပါတယ်။

ဒါအပြင် အဖွဲ့ဝင် နိုင်ငံတွေက လျှပ်စစ်ဓာတ်အားတွေကို တခြားနိုင်ငံတွေကို ရောင်းချတာ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်တွဲဖော် အဖွဲ့တွေက ငွေကြေး မတည်ပေးတာ၊ ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်း လျော့ပေါ့ပေးတာ၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အာမခံချက်ပေးနိုင်တဲ့ စနစ်တွေကို ပြန်လည်သုံးသပ်တာတွေလည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

အမြဲစိမ်းလန်းတဲ့ မဲခေါင်ပမာဏာ ခြေလှမ်းအဖြစ် ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် သေချာလုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီအစည်းအဝေးကို ၃ နှစ်တကြိမ် ကျင်းပပြီး မဟာမဲခေါင်ဒေသခွဲနိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်နေတာဖြစ်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ ၆ နိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ ပါဝင်ပြီး စုစုပေါင်း လူဦးရေ ၃၂၆ သန်းရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013