
ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၄၀၀ ဝန်းကျင် ပြန်လည်ကျဆင်းလာမှုနဲ့အတူ မြန်မာနိုင်ငံ ပြည်တွင်းရွှေဈေးလည်း တရက်တည်းအတွင်း ကျပ် ၆ သိန်းကျော် သိသိသာသာ ပြန်လည်ကျဆင်းခဲ့ပါတယ်။
မနေ့က ပြည်တွင်းရွှေဈေးဟာ တကျပ်သားကို ကျပ် ၁၁၈ သိန်းအထိ မြင့်တက်ခဲ့ပေမဲ့ ဒီနေ့မှာတော့ ကျပ် ၁၁၁ သိန်း ဝန်းကျင်အထိ ပြန်လည်ထိုးဆင်းလာခဲ့တာပါ။
ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၅,၆၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် အမြတ်ယူ ရောင်းချမှုတွေ ဖြစ်ပေါ်လာတာကြောင့် နာရီပိုင်းအတွင်း ဒေါ်လာ ၅,၂၀၀ အောက်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။
အဆိုပါ ကမ္ဘာ့ရွှေဈေး အတက်အကျ ကြီးမားမှုက ပြည်တွင်းရွှေဈေးကိုပါ ရက်ပိုင်းအတွင်း ဈေးအကျများစေခဲ့ပြီး အရောင်းအဝယ်ဈေးကွက်ကိုလည်း ငြိမ်သက်သွားစေခဲ့တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ရွှေဆိုင်တချို့က ဈေးအတက်အကျကို ဆက်လက် စောင့်ကြည့်နေပြီး ယာယီအားဖြင့် အရောင်းပိတ်ထားကြတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။











