DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီ၌  ကလေးငယ်များ အပါအဝင် တရားမဝင်မြန်မာ ၁၁၂ ဦး ဖမ်းဆီးခံရ 
DVB
·
January 29, 2026
ကန်ကျနပူရီ၌  ကလေးငယ်များ အပါအဝင် တရားမဝင်မြန်မာ ၁၁၂ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ထောင်းဖာဖုမ်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၉ ရက် ဒီမနက်က တရားမဝင် ဝင်ရောက်လာတဲ့ ကလေး ၁၆ အပါအဝင် မြန်မာ ၁၁၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်လုပ်သားတွေ တင်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာကြောင့် နယ်ခြားစောင့်တပ်၊ နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးရုံးနဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ထောင်းဖာဖုမ်းမြို့နယ်ထဲက သင်္ကာမကင်းတဲ့နေရာတွေကို စောင့်ကြပ် စစ်ဆေးခဲ့ပါတယ်။

မနက်  ၂ နာရီလောက်မှာတော့ ဝချီရလောင်ကွန်းဆည် တာ့ဖဲကူးတို့ဆိပ်အနီး နောင်ဖလဲ လမ်းချိုးကွေ့မှာ  မိုးကာအုပ်ထားတဲ့ ဟိုင်းလပ်စ်ကား ၃ စီးမောင်းလာခဲ့တယ်၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ရပ်မိန့်ပေးရာမှာ အဆိုပါကားတွေက ရပ်မပေးဘဲ တောလမ်းဘက် ပြန်မောင်းသွားပါတယ်၊ တာဝန်ရှိသူတွေက အနောက်ကလိုက်ဖမ်းတာမှာ ယာဉ်မောင်း ၂ ယောက် သာဖမ်းမိပြီး နောက်ထပ်ယာဉ်မောင်း တယောက်က ကားရပ်ထားပြီး  လူက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ 

အဆိုပါ ကား ၂ စီးပေါ်မှာ တရားမဝင် ဝင်ရောက်လာသူ ကလေးရော လူကြီးပါ စုစုပေါင်း  ၁၁၂ ယောက် ပြွတ်သိပ်ကြပ်ညှပ်ပြီး လိုက်လာကြကာ နောက် တစီးကတော့ လူမပါဘဲ ခရီးဆောင်အိတ်တွေချည်း ၁၇၂ လုံးတင်ဆောင်လာတာလို့ ထိုင်းသတင်းမှာ ဖော်ပါတယ်။ 

ယာဉ်မောင်းမှာ အသက် ၂၅ နှစ်ရွယ် နိုင်းအဝီးရို့သ် (ခ) အိုက်စ်နဲ့  အသက် ၁၆ နှစ်သာရှိသေးတဲ့ နိုင်းဆူဖနန်တို့ဖြစ်ပြီး သူတို့ကို ဆီးစစ်ရာမှာ မူးယစ်ဆေးသုံးထားတာ စစ်ဆေးတွေ့ရှိခဲ့ကာ ဒီလို လူသယ်ပေးတဲ့အလုပ်လုပ်လာတာ ဒီတခေါက်နဲ့ဆို ၃ ကြိမ်ရှိသွားပြီလို့ ဆိုပါတယ်။ 

တရားမဝင်သူတွေကို စစ်မေးရာမှာ သူတို့ဟာ ဘန်ကောက်၊ ရနောင်းနဲ့ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တယောက် ဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ထိပေးပြီး ဝင်လာခဲ့ကာမှ ခုလို အဖမ်းခံရတာလို့ ဆိုပါတယ်။

သူတို့အားလုံးကို လဝကဥပဒေနဲ့ အရေးယူဖို့ ထောင်းဖာဖုမ်းရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source:  JoCho News / Kanchanaburi News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013