
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသရှိ ရထားတစင်းပေါ်ကို ဇန်နဝါရီ ၂၇ ရက်က ရုရှား ဒရုန်းတိုက်ခိုက်မှုကြောင့် လူ ၄ ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို အကြမ်းဖက်မှုအဖြစ် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
“ဘယ်နိုင်ငံမှာမဆို အရပ်သားရထားတစင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာဟာ တကယ့်ကို အကြမ်းဖက်မှုလို့ပဲ တပုံစံတည်း သတ်မှတ်ခံရမှာပါ” လို့ ဇလန်းစကီးက သူ့ရဲ့ တယ်လီဂရမ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၄ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
တယ်လီဂရမ်မှာ ဇလန်းစကီး မျှဝေခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေရဲ့ တည်နေရာနဲ့ နေ့ရက်ကို ရိုက်တာသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
Source: Reuters











