
အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ မဟာရပ်ရှ်ထရာပြည်နယ်ရဲ့ ဒုတိယဝန်ကြီးချုပ် အာဂျစ်ပါဝါဟာ ဇန်နဝါရီ ၂၈ ရက်မှာ သူ့ရဲ့ စင်းလုံးငှားလေယာဉ် မီးလောင်ပျက်ကျခဲ့လို့ လိုက်ပါလာသူ ၄ ယောက်နဲ့အတူ သေဆုံးခဲ့တယ်လို့ လေကြောင်းထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
ထိပ်တန်းနိုင်ငံရေးမိသားစုကနေ ဆင်းသက်လာတဲ့ ဒုဝန်ကြီးချုပ်ဟာ ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းကနေ သူ့ဇာတိဒေသဆီ ဒေသန္တရရွေးကောက်ပွဲတွေအတွက် မဲဆွယ်စည်းရုံးဖို့ သွားခဲ့တာလို့ မီဒီယာတွေက ပြောပါတယ်။
သူ့ရဲ့ဝန်ထမ်း ၂ ယောက်နဲ့ လေယာဉ်အမှုထမ်း ၂ ယောက်လည်း လေယာဉ်ပေါ်မှာ လိုက်ပါသွားတယ်လို့ အရပ်ဘက်လေကြောင်းညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ပါဝါဟာ ပြည်နယ်အစိုးရထဲမှာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ဘာရာတီယာဂျနတာပါတီကို ထောက်ခံခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ အတိုက်အခံ အမျိုးသားရေးဝါဒီ ကွန်ဂရက်ပါတီကနေ ခွဲထွက်သွားတဲ့ အုပ်စုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
Source:Reuters











