DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းစစ်ဘေးရှောင် ကလေးငယ်အချို့  အအေးဒဏ်ကြောင့် သေဆုံး 
DVB
·
January 24, 2026
စစ်ကိုင်းစစ်ဘေးရှောင် ကလေးငယ်အချို့  အအေးဒဏ်ကြောင့် သေဆုံး 
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကွန်းနယ်နဲ့ ဝက်လက်နယ်က စစ်ဘေးရှောင်တွေဟာ ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် ယာယီစစ်ဘေးရှောင်နေရာတခုတည်းမှာပင် အသက်ဆုံးရှုံးရတဲ့ ကလေးငယ် ၄ ယောက် ရှိလာနေပြီလို့ ကူညီနေသူတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးက စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေ စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး ပစ်ခတ်တိုက်ခိုက်မှုတွေလည်းရှိ နေတာပါ။

ဒါ့ကြောင့် အဲဒီဒေသအတွင်းက စစ်တပ်အထိုင်စခန်းရှိတဲ့ မင်းကွန်းနယ်နဲ့ စစ်ကြောင်းထိုးနေတဲ့ ဝက်လက်နယ်မှာရှိတဲ့ ပြည်သူလူထုတွေဟာ ဘေးကင်းရာကို တိမ်းရှောင်နေကြရပါတယ်။

စစ်ရှောင်ယာယီတဲတွေဟာ အမိုးအကာမလုံခြုံတာ စောင်နဲ့ အနွေးထည်တွေ မလုံလောက်တာကြောင့် အညာဆောင်းရဲ့ အအေးဒဏ်ကို မခံနိုင်ကြတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တချို့ အသက်ဆုံးရှုံးတာတွေရှိနေတယ်လို့ အကူအညီပေးနေတဲ့  Youth and Tulip Foundation အဖွဲ့က ကျူးလစ်က ပြောပါတယ်။

စစ်တပ်ဟာ ဝက်လက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အခုဇန်နဝါရီလအတွင်း အရပ်သား ၅ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းထိုးတွေက ဖြန့်ခွဲထိုးနေပြီး နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဒရုန်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်မှုတွေလည်းရှိနေလို့ သိန်းချီတဲ့ စစ်ဘေးရှောင်တွေဟာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတွေမှာ မနေရဲတော့ဘဲ ဘေးကင်းမယ်ထင်တဲ့ တောတောင်တွေထဲမှာ ယာယီတဲထိုးနေနေကြရလို့ ကျန်းမာရေးနဲ့ စားဝတ်နေရေးတွေ ခက်ခဲနေတယ်လို့ နယ်မြေခံတယောက်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်းက TNLA တအာင်းတပ်နဲ့ MNDAA ကိုးကန့်တပ်တို့ အပစ်အခတ်ရပ်ပြီးနောက်ပိုင်း ရှမ်းမြောက်နဲ့ ထိစပ်နေတဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ကို စစ်တပ်က အင်းအားဖြည့်တင်းပြီး စစ်ကြောင်းတွေဖြန့်ခွဲထိုးနေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်ပြုလုပ်နေတာပါ။

ဒါ့ကြောင့် သန်းနဲ့ချီတဲ့ ပြည်သူလူထုတွေမှာ အိုးအိမ်စွန့်ခွာနေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ စာနပ်ရိက္ခာနဲ့ အဝတ်အထည်တွေလိုအပ်နေပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ ပိုနက်ရှိုင်းလာပြီး အကူအညီလိုအပ်ချက်ဟာလည်း အရင်ကထက် ပိုပိုများလာတယ်လို့ ပြောကြားထားပါတယ်။

ခွန်ဇော်ဦး 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013