DVB Logo
Home
မြန်မာသတင်း
မုဒိမ်းမှုဖြင့် ဖမ်းဆီးထားသည့် ဇမ္ဗူအေးပရဟိတအသင်း ဥက္ကဋ္ဌကို နောက်တိုးပုဒ်မဖြင့် အမှုထပ်ဖွင့်
DVB
·
January 23, 2026
မုဒိမ်းမှုဖြင့် ဖမ်းဆီးထားသည့် ဇမ္ဗူအေးပရဟိတအသင်း ဥက္ကဋ္ဌကို နောက်တိုးပုဒ်မဖြင့် အမှုထပ်ဖွင့်
Donate to DVB

မုဒိမ်းမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ဇန်နဝါရီ ၂၁ ရက်က ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ပုဒ်မ ၃၇၆ အပြင် နောက်တိုးပုဒ်မ ၃၆၃ နဲ့ပါ အမှုထပ်မံဖွင့်လှစ်လိုက်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။

ပရဟိတအသင်းဝင် အသက် ၁၆ နှစ်အရွယ် မိန်းမငယ်တယောက်ကို လိမ်လည်ခေါ်ယူပြီး နေအိမ်မှာ အဓမ္မပြုကျင့်ခဲ့တာ ထင်ရှားတာကြောင့် ပုဒ်မ ၃၆၃ နဲ့ပါ ထပ်မံအမှုဖွင့်လှစ်ခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။

“ကနဦး အမှုဖွင့်တုန်းက ရဲစခန်းက ပုဒ်မ ၃၇၆ နဲ့ပဲ အမှုဖွင့်တာ။ စစ်ဆေးရင်းနဲ့ မနေ့က ၃၆၃ နဲ့ပါ အမှုထပ်ဖွင့်လိုက်တာ။ ပုဒ်မ ၂ ခု ဖြစ်သွားပြီ၊ တရားရုံးတော့ မတင်သေးဘူး။”

ဇန်နဝါရီ ၁ ရက်က ပရဟိတအသင်းဝင် အသက် ၁၆ နှစ်အရွယ် မိန်းမငယ်တယောက်ကို ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်းဥက္ကဋ္ဌ စိုင်းမြအောင်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၅ ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာ မုဒိမ်းကျင့်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ပုဒ်မ ၃၆၃ ဆိုတာ အုပ်ထိန်းသူမသိဘဲ ခိုးယူပေါင်းသင်းမှုပါ။ ပြစ်မှုမြောက်ရင်တော့ ထောင်ဒဏ် ၇ နှစ်အထိ ကျနိုင်ပါတယ်။ လတ်တလော ကနဦးဖွင့်တဲ့ ပုဒ်မ ၃၇၆ ရယ်၊ နောက်တိုးပုဒ်မ ၃၆၃ နဲ့ တရားစွဲတင်ထားပါတယ်။”

မုဒိမ်းမှုဖြစ်စဥ်မှာ ဇန်နဝါရီ ၁ ရက်က ဖြစ်ပေမဲ့ အမျိုးသမီးငယ်ကို ပြစ်မှုကျုးလွန်သူ စိုင်းမြအောင်က ခြိမ်းခြောက်ထားတာကြောင့် မိသားစုဝင်တွေကို ဇန်နဝါရီ ၁၇ ရက်မှာ ပြောပြခဲ့ပြီးနောက် ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်းဥက္ကဋ္ဌ စိုင်းမြအောင်ကို ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013