
၂၀၂၆ အော်စကာဆုအတွက် ဆန်ခါတင်စာရင်းကို ဟောလိဝုဒ်က ဖော်ပြခဲ့ပြီး ဇာတ်ကားစာရင်းမှာ Horror ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Sinner ဇာတ်ကားက ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်းက ထွက်ရှိတဲ့ အကောင်းဆုံးဇာတ်ကားတွေနဲ့ သရုပ်ဆောင်တွေကို အော်စကာဆု ချီးမြှင့်မှာဖြစ်ပါတယ်။
၂၀၂၆ အော်စကာ ဆုပေးပွဲမှာ အမျိုးအစား ၂၄ ခု ခွဲထားပြီး Sinner ဇာတ်ကားဟာ Nomination ၁၆ ခု ဝင်ထားတာ တွေ့ရပါတယ်။
ဒါဟာ ၁၉၅၀ က ထင်ရှားခဲ့တဲ့ All About Eve၊ ၁၉၉၇ ခုနှစ်က ထွက်ခဲ့တဲ့ တိုက်တန်းနစ်၊ ၂၀၁၆ ခုနှစ်ကထွက်တဲ့ LaLa Land စတဲ့ နာမည်ကြီးဇာတ်ကားတွေထက်တောင် Nomination ရရှိမှု များခဲ့ပြီး Nomination ၁၆ ခုနဲ့ စံချိန်သစ်တင်ထားတာ တွေ့ရပါတယ်။
ငမိုက်သားဆိုတဲ့ Sinner ဇာတ်ကားဟာ ဘတ်ဂျက် သန်း ၉၀ ကနေ သန်း ၁၀၀ ကြား အသုံးပြုခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Box Office မှာ ဒေါ်လာ ၃၆၈ သန်း ရရှိခဲ့တဲ့ဇာတ်ကား ဖြစ်ပါတယ်။
Sinner ဇာတ်ကားမှာ Black Panther ဇာတ်ကားမှာ စူပါဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မိုက်ကယ်ဘီဂျော်ဒန်က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။
အကောင်းဆုံးဇာတ်ကားဆုမှာ One Battle After Another ဇာတ်ကားကလည်း Nomination ၁၃ ဝင်ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အော်စကာဆုပေးပွဲမှာ အမေရိကန်လူရွှင်တော် ကိုနန်အိုဘရိုင်ယန်က အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
၉၈ ကြိမ်မြောက် အော်စကာဆု ရရှိသူတွေအတွက် မဲပေးမှုကို ဖေဖော်ဝါရီ ၂၆ ရက်မှာ စတင်ပြုလုပ်မှာဖြစ်ပြီး မတ် ၅ ရက်မှာ မဲပေးမှု အဆုံးသတ်မှာဖြစ်ကာ မတ် ၁၅ ရက်မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
Source: Reuters











