
ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်က မိုးဗြဲမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမှတ် ၁၀၀၉ တပ်ရင်းက ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့ဝင်တယောက်က ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
ရဲဘော် မိုးသက်အောင် (ခ) မိုးတိမ်ဟာ မိုးဗြဲရှေ့တန်းတနေရာမှာ ဇန်နဝါရီ ၂၁ ရက်က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့ဝင်တယောက်က “ရဲဘော်မိုးတိမ်က ထုတ်လုပ်ရေးနဲ့ မိုင်းဌာနမှာ တာဝန်ထမ်းဆောင်တာပါ။ စစ်မြေပြင်မှာ မိုင်းထောင်တာ ရှင်းလင်းတာတွေ လုပ်ပါတယ်” လို့ ပြောပါတယ်။
IPDF က ရဲဘော်မိုးတိမ် ကျဆုံးရမှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ ပြောပါတယ်။
IPDF က ရှေ့တန်းတိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို ပါဝင်တိုက်ခိုက်နေပြီး တော်လှန်ရေးကာလအတွင်း တပ်ဖွဲ့ဝင် ၁၅ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။











