DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ ငြိမ်းချမ်းရေးကောင်စီ ဝင်ကြေး ၁ ဘီလီယံ ပေးမည်ဟု ပူတင် ပြော
DVB
·
January 22, 2026
ထရမ့်ပ်၏ ငြိမ်းချမ်းရေးကောင်စီ ဝင်ကြေး ၁ ဘီလီယံ ပေးမည်ဟု ပူတင် ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အဆိုပြုထားတဲ့ “ငြိမ်းချမ်းရေးကောင်စီ” (Board of Peace) မှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ဖို့ ဝင်ကြေး ဒေါ်လာ ၁ ဘီလီယံကို အမေရိကန် အရင်အစိုးရလက်ထက်က သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲကနေ ယူလိုက်လို့ရတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောကြားလိုက်ပါတယ်။ 

အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို လေ့လာဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပူတင်က ပြောဆိုခဲ့တာပါ။

“ငြိမ်းချမ်းရေးကောင်စီမှာ ပါဝင်ဖို့ ကျုပ်တို့ မဆုံးဖြတ်ရသေးခင်မှာပဲ ပါလက်စတိုင်း ပြည်သူတွေနဲ့ ရုရှားရဲ့ အထူးဆက်ဆံရေးကို ထောက်ရှုပြီး အရင်အမေရိကန်အစိုးရလက်ထက်က ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ငွေတွေထဲကနေ ၁ ဘီလီယံကို ပေးပို့နိုင်ပါတယ်။”  

ဒီငြိမ်းချမ်းရေးကောင်စီဟာ မူလက ဂါဇာကမ်းမြောင် ပြန်လည်ထူထောင်ရေးအတွက်ပဲ ရည်ရွယ်တာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ကမ္ဘာအနှံ့က ပဋိပက္ခတွေ ကိုင်တွယ်ဖြေရှင်းဖို့အထိ ထရမ့်ပ်က ရည်ရွယ်လာတာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂနဲ့ စင်ပြိုင်အဖွဲ့အစည်း ဖြစ်လာမလားဆိုပြီးတော့တောင် ပူပန်မှုတွေလည်း ရှိနေပါတယ်။  ထရမ့်ပ်တသက်တာ ဥက္ကဋ္ဌ လုပ်မယ်လို့ ဆိုထားတဲ့ ဒီကောင်စီကိုဝင်ဖို့ ကနဦး ၃ နှစ် အခမဲ့ဖြစ်ပေမဲ့ နောက်ပိုင်းမှာ အမြဲတမ်းအဖွဲ့ဝင်ကြေး ဒေါ်လာ ၁ ဘီလီယံ သတ်မှတ်ထားပါတယ်။ 

ပူတင်ဟာ ဂရင်းလန်းကျွန်းကို အမေရိကန်ဝယ်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း ဒီကျွန်းဟာ ဒေါ်လာ သန်း ၂၀၀-၂၅၀ လောက်ပဲ တန်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ 

ဒါဟာ ၁၈၆၇ တုန်းက အလာစကာကျွန်းကို ရုရှားအင်ပါယာက အမေရိကန်ကို ရောင်းတုန်းက စျေးနဲ့ နှိုင်းယှဉ်တွက်ပြခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အဲဒီတုန်းက ရွှေစျေးနဲ့တွက်မယ်ဆိုရင်တော့ ကျွန်းတန်ဖိုးက ဒီထက်ပိုများနိုင်ပြီး ဒေါ်လာ ၁ ဘီလီယံလောက်တန်မှာ ဖြစ်ပေမဲ့ ဒီလောက်ကတော့ အမေရိကန်တတ်နိုင်မှာပါလို့လည်း ပူတင်က ပြောပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013