DVB Logo
Home
နိုင်ငံတကာ
ဘက်ဟမ်းတံဆိပ် ပထမ ဆိုသည့် သားဖြစ်သူ၏ ဝေဖန်မှုကို ဒေးဗစ်ဘက်ဟမ်း တုံ့ပြန်
DVB
·
January 21, 2026
ဘက်ဟမ်းတံဆိပ် ပထမ ဆိုသည့် သားဖြစ်သူ၏ ဝေဖန်မှုကို ဒေးဗစ်ဘက်ဟမ်း တုံ့ပြန်
Donate to DVB

ဘက်ဟမ်းဆိုတဲ့ အမှတ်တံဆိပ်ကိုပဲ အမြဲဦးစားပေးတယ်ဆိုတဲ့ မိသားစုအတွင်းရေးတွေ ဝေဖန်ခဲ့တဲ့ သားဖြစ်သူ ဘရွတ်ကလင်းနဲ့ ပတ်သက်ပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ဟမ်းက ပထမဆုံးအကြိမ် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

မိဘတွေဖြစ်တဲ့ ဘက်ဟမ်း၊  ဗစ်တိုးရီးယားတို့နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေကို စာအရှည်ကြီး ရေးပြီး ဘရွတ်ကလင်းက အင်စတာရမ်မှာ ဖော်ပြခဲ့တာပါ။ 

၂၀၂၂ ခုနှစ်တုန်းက ချစ်သူဖြစ်တဲ့ နီကိုလာပလက်ဇ်နဲ့ ဆက်ဆံရေးကို မိဘတွေက အကွက်ကျကျ ဖျက်ဆီးခဲ့တယ်လို့ အသက် ၂၆ နှစ်အရွယ်ရှိ ဘရွတ်ကလင်းက တယ်လီဂရမ်မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီကိစ္စတွေကို နှစ်ပေါင်းများစွာ နှုတ်ဆိတ်နေခဲ့ပြီး ပုဂ္ဂိုလ်ရေးအဖြစ်သာ သိမ်းဆည်းထားဖို့ ကြိုးစားခဲ့ကြောင်း၊ ကံမကောင်းစွာနဲ့ မိဘတွေနဲ့ သူတို့ရဲ့ အသိုက်အဝန်းက ကျနော့်ကို ရွေးချယ်စရာမရှိတဲ့အထိ ဆက်ပြီး ပြုလုပ်ခဲ့တာက အမှန်ပြောဆိုခွင့်မရတဲ့အထိ ဖြစ်ခဲ့ကြောင်း၊ မိသားစုနဲ့ ကျနော်ပြန်ပြီး အဆင်မပြေချင်တော့ကြောင်း၊ ကျနော့်ဘဝမှာ ပထမဆုံးအကြိမ် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေပြီဖြစ်ကြောင်း ဘရွတ်ကလင်းက ပြောဆိုခဲ့တာပါ။

“မင်္ဂလာပွဲမတိုင်မီ ကျနော့်မိဘတွေက ကျနော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ မရပ်တန့်ဘဲ ကြိုးစားခဲ့တာပါ။ ကျနော့်အမေက နီကိုလာရဲ့ ဝတ်စုံကို မကြိုက်ဘူးဆိုပြီး ငြင်းပယ်ခဲ့တာကြောင့် မင်္ဂလာပွဲလုပ်ဖို့ ၁၁ နာရီအလိုမှာ ဝတ်စုံသစ် အရေးပေါ်ရှာဖွေခဲ့ရပါတယ်။ ကျနော့်အမျိုးသမီးနဲ့ ပထမဆုံး ကရမဲ့ အချိန်မှာလည်း အမေက မင်္ဂလာဧည်ခံပွဲလာတဲ့ ဧည့်သည် ၅၀၀ ရှေ့မှာ သူ့သဘောအတိုင်း သူနဲ့ပဲ တွဲကခဲ့ရပါတယ်” လို့ ဘရွတ်ကလင်းက အင်စတာဂရမ်မှာ ရေးသားထားပါတယ်။ 

ဆိုရှယ်မီဒီယာ အသုံးပြုတာနဲ့ပတ်သက်တဲ့ ကောင်းကွက်နဲ့ ဆိုးကွက်တွေကို ဘက်ဟမ်းက ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့သားက အမှားတွေ ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဒေးဗစ်ဘက်ဟမ်းက“ဆိုရှယ်မီဒီယာက ကောင်းတာတွေ ဆိုးတာတွေ ရှိတယ်ဆိုတဲ့ အကြောင်းကို ကျနော် အမြဲပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ကလေးတွေ ဘာတွေလုပ်နေလဲဆိုတာ လူတွေ သတိထားမိစေတဲ့ အဓိကအရာက ဆိုရှယ်မီဒီယာပါ။ ကျနော့်ကလေးတွေကို ဆိုရှယ်မီဒီယာကနေ သင်ယူမှုတွေ ပြုလုပ်ဖို့ ကျနော် ကြိုးစားခဲ့ဖူးပါတယ်။ သူတို့ အမှားတွေ လုပ်ကြတယ်။ အမှားလုပ်ဖို့ကိုလည်း ခွင့်ပြုထားပါတယ်။ ဒါမှ သူတို့ ဘယ်လိုသင်ယူရမလဲ သိမှာပါ။ ကလေးတွေ အမှားကျူးလွန်တယ် ဆိုတာကို သိအောင် တခါတလေမှာ ခွင့်ပြုပေးရတာမျိုး ရှိပါတယ်။ ဒါက ကလေးတွေကို ကျနော်သင်ပေးချင်တဲ့ အရာပါ” လို့ ပြောပါတယ်။ 

ဘက်ဟမ်းဟာ ဆွစ်ဇာလန်မှာ ကျင်းတဲ့ ၅၆ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF နှစ်ပတ်လည် အစည်းအဝေးမှာ သူ့သားအကြောင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားဖို့ အစောပိုင်းက ရှောင်လွှဲခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013