DVB Logo
Home
မြန်မာသတင်း
မလေးရောက် မြန်မာများ အသတ်ခံရမှု တရားခံများကို ပိုက်စိတ်တိုက် ရှာဖွေ
DVB
·
December 19, 2014
မလေးရောက် မြန်မာများ အသတ်ခံရမှု  တရားခံများကို ပိုက်စိတ်တိုက် ရှာဖွေ
Donate to DVB

မလေးရှားနိုင်ငံမှာ ဒီနှစ်အတွင်း မြန်မာ အယောက် ၂၀ သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် တရားခံတွေကို ရဲတပ်ဖွဲ့က အပူတပြင်း ပိုက်စိတ်တိုက်ရှာဖွေမှုတွေ ရှိနေတယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။

10846284_389864907848510_6306611494278998321_nကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အသိအမှတ်ပြု လက်မှတ်အတု လုပ်ဆောင်မှုတွေကို စစ်ဆေးဖော်ထုတ်နေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အစိုးရက ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တရားမ၀င်နိုင်ငံခြားသားတွေ မလေးရှားနိုင်ငံကနေ ထွက်ခွာကြဖို့ အမိန့်ထုတ်ထားပြီး လေကြောင်းလမ်းက မဟုတ်ဘဲ အောက်လမ်းခေါ်တဲ့ ကုန်းကြောင်းက ပြန်သူတွေကို ဖမ်းဆီးမှုတွေလည်း အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာသံရုံးမှာ ကူညီဆောင်ရွက်နေတဲ့ ကိုသီဟက မလေးရှားအစိုးရက ဒီနှစ်မကုန်မီမှာ သတ်မှတ်ဒဏ်ကြေးဆောင်ခိုင်းပြီး လေကြောင်းလိုင်းက ပြန်ဖို့အတွက် ဒဏ်ကြေး လျော့ချသတ်မှတ်ပေးထားပြီး လာမယ့်နှစ်ဆန်းပိုင်းမှာတော့ မူလဒဏ်ကြေးအတိုင်း သတ်မှတ်ကောက်ခံလိမ့်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခုက ဒဏ်ကြေးလျော့ထားတယ်။ ၃ အပေါင်း ၁ အစီအစဉ်နဲ့။ နောက်နှစ်ထဲဝင်ရင် အရင်ဒဏ်ကြေးအတိုင်း ဆောင်ရတော့မယ်။ အဲဒါက တရက်ကို ရင်းဂစ် ၃၀ နဲ့ ရက် ၃၀ ဆိုရင် ၉၀၀ ပေါ့နော်။ စပယ်ရှယ် ပတ်စ်ပို့က ၁၀၀ ပေါ့။ ၁ လကနေ ၆ လအတွင်းဆိုရင် ဒဏ်ကြေး ၁၀၀၀၊ စပယ်ရှယ် ပတ်စ်ပို့က ၁၀၀။ ၆ လကနေ ၃ နှစ်အတွင်းဆို ဒဏ်ကြေး ၂၀၀၀၊ စပယ်ရှယ် ပတ်စ်ပို့က ၁၀၀။ ၃ နှစ်နဲ့ အထက်ဆိုရင် ဒဏ်ကြေး ၃၀၀၀၊ စပယ်ရှယ် ပတ်စ်ပို့က ၁၀၀။ ဒါက အစိုးရထုတ်ပြန်ထားတာ။ ဒီအတိုင်းကောက်သွားမယ်လို့ သတင်းထုတ်ပြန်ထားတယ်။”

အောက်လမ်းကနေ ပြန်သူတွေကို ဖမ်းဆီးတာဟာ အစိုးရဘက်ကဆောင်ရွက်တဲ့ တရားဝင်လမ်းကြောင်းက မဟုတ်တာကြောင့် ဖမ်းဆီးတာလို့ ဆိုပါတယ်။

သံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်ရင်တော့ သံရုံးက ရုံးစာထုတ်ပေးပြီး ဒဏ်ကြေးရော၊ လေယာဉ်လက်မှတ်ဖိုးပါအပါ စုစုပေါင်း ရင်းဂစ် ၁၀၀၀ ကုန်ကျတယ်လို့ သူကရှင်းပြပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား ၂ သိန်းကျော်နဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ ပီနန် နာရေးကူညီမှု အသင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013