DVB Logo
Home
နိုင်ငံတကာ
ကရိန်းပြုတ်ကျခဲ့သော ရာမ- ၂  လမ်းပေါ်တွင် မီးလောင်မှု ထပ်မံဖြစ်ပွား 
DVB
·
January 20, 2026
ကရိန်းပြုတ်ကျခဲ့သော ရာမ- ၂  လမ်းပေါ်တွင် မီးလောင်မှု ထပ်မံဖြစ်ပွား 
Donate to DVB

ထိုင်းနိုင်ငံ စမွတ်စခွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကရိန်းပြုတ်ကျခဲ့တဲ့  ဖရလမ်းဆောင် ( ရာမ-၂ လမ်း) နေရာမှာပဲ ဒီကနေ့  (ဇန်နဝါရီ  ၂၀ ရက်)  မနက်ပိုင်းကလည်း မီးလောင် မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီနေ့မနက် ၁၁ နာရီလောက်က အဆိုပါနေရာကနေ မီးတောက်မီးလျံတွေ မီးခိုးမည်းတွေ ကောင်းကင်ပေါ်တက်လာတာကို အနီးနားရှိပြည်သူတွေ တွေ့ရတာကြောင့် အားလုံးထိတ် လန့်ကုန်တယ်။  ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ နေရာ ၂ ခုကနေ မီးထတောက်နေတာဖြစ်ပြီး မီး သတ်ကားတွေ အချိန်မီလာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။ 

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အသေးစိတ်ကို စုံစမ်းစစ် ဆေးနေတယ်၊  ကရိန်းပြုတ်ကျခဲ့တဲ့ အပျက်အစီးအပိုင်းအစတွေကို အလုပ်သမားတွေက ရှင်းလင်း နေစဉ် အပေါ်က ပြုတ်ကျလာတဲ့ သံတိုသံစ သတ္တုအပိုင်းအပြတ်တွေက အောက်ကို ပြုတ် ကျလာတယ်၊ အောက်မှာ ယိုစိမ့်နေတဲ့ ဟိုက်ဒရောရစ်ဆီတွေနဲ့ ထိတွေ့ပြီး အပူအဖြစ်ဓာတ်ပြုကာ မီးလောင်တာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ယူဆထားပါတယ်။

အဆိုပါနေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီ ၁၅ ရက်က ဆောက်လုပ်ရေးစီမံကိန်းမှ ဝန်ချီ စက်ကရိန်းနဲ့ ကွန်ကရစ်တုံးတွေ မတင်နေစဉ် အခန့်မသင့်ဘဲ ပြုတ်ကျခဲ့ပါတယ်။ ကရိန်းပြုတ်ကျစဉ် အောက်ကဖြတ်သွားတဲ့ ကား ၂ စီးပေါ်ပိမိပြီး ကားထဲက လူ ၂ ယောက် သေဆုံးကာ အနီးက အလုပ်သမား ၅ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ 

ဇန်နဝါရီ ၁၇ ညနေ ၄ နာရီလောက်ကလည်း မော်တော်ကား‌တစီးဟာ အဆိုပါ ရာမ - ၂ လမ်းပေါ်မောင်းနှင်စဉ် အောက်ကရေပိုင်လိုင်းကိုနင်းမိပြီး ပိုက်လိုင်းပေါက်ကာ လမ်းပေါ်ရေတွေ ပြည့်လျှံသွားပါတယ်။ 

ဒီနေ့မနက် မီးလောင်မှုနဲ့ပတ်သက်လို့ သတင်းထောက်တွေက ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းကို မေးရာမှာ ဝန်ကြီးချုပ်က “ဖြစ်ပြန်ပြီလား” လို့ အံ့အားသင့်စွာ ပြန်မေးရင်း သူတို့ အခုပဲ အစိုးရအိမ်တော် အစည်းအဝေးကနေထွက်လာလို့ ကုန်းလမ်းပို့ဆောင်ရေးဌာနက အကြောင်း ကြားချက်မရသေးကြောင်း၊  အဆိုပါ ဖရလမ်းဆောင် ၂ ပေါ်က ဆောက်လုပ်ရေးစီမံကိန်း စာချုပ် တွေကို ပြန်ဖျက်သိမ်းဖို့ ညွှန်ကြားထားတယ်။ ဝန်ကြီးချုပ်က အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်တာမဟုတ်ဘူး၊ လမ်းပန်းပို့ဆောင်ဆက်သွယ်ရေးဌာနက စာချုပ် ချုပ်ထားတာ။ သူတို့ တာဝန်ယူဖြေရှင်းရမယ်၊ ဒီကိစ္စကို ဝန်ကြီးချုပ်အနေနဲ့ ညွှန်ကြားစာပို့ထားပြီးပြီး ညွှန်ကြားချက် အတိုင်း မလုပ်ရင်တော့ အရေးယူရမှာပေါ့လို့ ဖြေပါတယ်။ 

မတော်တဆထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး အင်ဂျင်နီယာတယောက်အနေနဲ့ ပြောရရင် ဆောက်လုပ်ရေး စီမံကိန်းစတော့မယ်ဆိုရင် စတင်‌ရေးဆွဲကတည်းက သေသေချာချာ ဂရုတစိုက်လုပ်ရမယ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ကြီးမားသောထိခိုက်မှု၊ အလယ်အလတ်ထိခိုက်မှုနဲ့ အသေးအမွှားထိခိုက်မှု စတဲ့ စိမ်ခေါ်ချက် ၃ ရပ်လုံး၊ နောက်ထပ် ကျန်ရစ်သူ မိသားစုဝင်တွေအပေါ် သက်ရောက်မှုတွေပါ ထည့်တွက်ထားရမှာဖြစ်တယ်၊ ဘယ်လုပ်ငန်းခွင်မဆို အရေးအကြီးဆုံးက Safety First ပဲ။  အဆင့်တိုင်းကို သေချာဂရုစိုက်ရမယ်၊ ကျနော့် အင်ဂျင်နီယာသက်တမ်းမှာ မတော်တဆထိခိုက်မှုမရှိခဲ့လို့ lost accident  ဆုတောင်ရခဲ့တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

Source - Thairath News / Thai PBS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013