DVB Logo
Home
မြန်မာသတင်း
သတင်းသမားထောင်ချခံရမှု ထိပ်တန်း ၁၀ နိုင်ငံတွင် မြန်မာပါဝင်
DVB
·
December 19, 2014
သတင်းသမားထောင်ချခံရမှု ထိပ်တန်း ၁၀ နိုင်ငံတွင် မြန်မာပါဝင်
Donate to DVB

မြန်မာနိုင်ငံဟာ သတင်းသမားတွေ ထောင်ချခံရမှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံမှာ ပါဝင်တယ်လို့ အမေရိန်ကန်အခြေစိုက် သတင်းသမားများကာကွယ်ရေးအဖွဲ့ (စီပီဂျေ) ရဲ့ အစီရင်ခံစာ မှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

prison_census2014-infographic၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတ၀န်း သတင်းထောက် ၂၀၀ ကျော်ဟာ သူတို့လုပ်ငန်းတာဝန်ကို လုပ်ဆောင်မှုအတွက် ထောင်ဒဏ်ချမှတ်ခံနေရပြီး မနှစ်ကထက် ၉ ဦး ထပ်ထိုးလာတယ်လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ထုတ် စီပီဂျေ ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး လုပ်ခဲ့တဲ့ ထိပ်တန်း ၁၀ နိုင်ငံအဖြစ် တရုတ်၊ အီရန်၊ အယ်ရီထရီးယား၊ အီသီယိုးပီးယား၊ ဗီယက်နမ်၊ အီဂျစ်၊ ဆီးရီးယား၊ မြန်မာ၊ အဇာဘိုင်ဂျန် နဲ့ တူရကီနိုင်ငံတွေကို ဒီအစီရင်ခံစာမှာ အစဉ်လိုက်ဖော်ပြထားပါတယ်။

ဒီအထဲမှာ တရုတ်နိုင်ငံက သတင်းမီဒီယာသမား  ၄၄ ယောက်ကို ထောင်ချထားတဲ့ အဆိုးဆုံးနိုင်ငံဖြစ်ပြီး အီရန်က အယောက် ၃၀ နဲ့ ဒုတိယ ၊ အယ်ရီထရီးယားက ၂၃ ဦးနဲ့ တတိယ အဆိုးဆုံးဖြစ်ပြီး  မြန်မာကတော့ ၁၀ ယောက်နဲ့ အဌမမြောက် အဆိုးဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခံ ထားရပါတယ်။

မြန်မာနိုင်ငံမှာ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်အပါအ၀င် သတင်းသမား ၅ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့  ပြီးခဲ့တဲ့ ဇူလိုင်လမှာ  ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး   Bi မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ၂ ဦး၊ သတင်းထောက် ၁ ဦးနဲ့၊ ထုတ်ဝေသူ ၂ ဦး စုစုပေါင်း ၅ ဦးကိုတော့  နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့  အောက်တိုဘာလမှာ  ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (အာအက်စ်အက်ဖ်) ကလည်း အလားတူ အစီရင်ခံစာ ထုတ်ပြန်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက အလွတ်သတင်းထောက် ကိုပါကြီးအပါဝင် ကမ္ဘာမှာ အသတ်ခံခဲ့ရတဲ့ သတင်းထောက်ပေါင်း  ၆၆ ဦးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013