DVB Logo
Home
နိုင်ငံတကာ
ခေါင်းဆောင်ကြီး ခါမေနီကို တိုက်ခိုက်ပါက စစ်ပွဲဖြစ်သွားမည်ဟု အီရန်သမ္မတ သတိပေး 
DVB
·
January 19, 2026
ခေါင်းဆောင်ကြီး ခါမေနီကို တိုက်ခိုက်ပါက စစ်ပွဲဖြစ်သွားမည်ဟု အီရန်သမ္မတ သတိပေး 
Donate to DVB

အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီခါမေနီအပေါ် ဘယ်လို တိုက်ခိုက်မှုကမဆို အီရန်နဲ့ စစ်ပွဲလုံးလုံး ဖြစ်သွားမယ်လို့ သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က ဇန်နဝါရီ ၁၈ ရက်မှာ သတိပေးလိုက်ပါတယ်။

အီရန်သမ္မတက အမေရိကန်နဲ့ မဟာမိတ်တွေက ချမှတ်ထားတဲ့၊ လူမဆန်တဲ့ ပိတ်ဆို့မှုတွေကြောင့် အီရန်နိုင်ငံသားတွေဟာ စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

အီရန်မှာ စီးပွားရေးအခက်အခဲတွေကြောင့် ဒီဇင်ဘာ ၂၈ ရက်ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တာပါ။

ဘာသာရေးအုပ်ချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဟာ နှစ်ပတ်ကျော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားလာခဲ့ပြီး အီရန်ရဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အသေအပျောက် အများဆုံး မငြိမ်မသက်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ဆန္ဒပြပွဲတွေအတွင်း လူ ၅၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ လောက် သေဆုံးတယ်လို့လည်း ဒေသတွင်း အီရန်အရာရှိတယောက်က ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်က အတည်ပြုထားတဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး အကြမ်းဖက်သမားတွေနဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေက အပြစ်မဲ့ အီရန်လူမျိုးတွေကို သတ်ဖြတ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆန္ဒပြသူတွေ လမ်းမတွေပေါ်မှာ ဆက်အသတ်ခံရရင် ဒါမှမဟုတ် ကွပ်မျက်ခံရရင် ဝင်စွက်ဖက်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပါတယ်။

လူ ၈၀၀ ကို ကွပ်မျက်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်တဲ့အတွက် အီရန်အစိုးရ ခေါင်းဆောင်တွေကို ကျေးဇူးတင်တယ်လို့လည်း ဇန်နဝါရီ ၁၆ ရက်မှာ ထရမ့်ပ်က ပြောခဲ့ပါတယ်။

တရက်အကြာမှာ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီက အများပြည်သူရှေ့မှာ မိန့်ခွန်းပြောရာမှာ ဆန္ဒပြသူတွေကို ထောက်ခံခြင်းအားဖြင့် အီရန်အပေါ် ကျူးလွန်ခဲ့တဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် ထရမ့်ပ်ကို ရာဇဝတ်သားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ပြည်တွင်း ဒါမှမဟုတ် နိုင်ငံတကာရာဇဝတ်သားတွေကို အပြစ်မပေးဘဲ မနေပါဘူးလို့ ခါမေနီက ပြောပါတယ်။

အမေရိကန်၊ အစ္စရေးတို့နဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေနဲ့ အဓိကရုဏ်းသမားတွေကြောင့် သေဆုံးသူ ထောင်ပေါင်း များစွာရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ တရားစီရင်ရေးက ကွပ်မျက်တာတွေ ဆက်လုပ်နိုင်တယ်လို့လည်း ညွှန်ပြခဲ့ပါတယ်။ မိုဟာရက်ဘ်အဖြစ် လုပ်ဆောင်ချက်များစွာကို ဖော်ထုတ်ခဲ့ပြီး ဒါဟာ အပြင်းထန်ဆုံး အစ္စလာမ်မစ် ပြစ်ဒဏ်တွေထဲက တခုဖြစ်တယ်လို့ အီရန် တရားစီရင်ရေးပြောရေးဆိုခွင့်ရှိသူ အက်စ်ဂါ ဂျာဟန်ဂါက ဇန်နဝါရီ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013