DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံဘုရားကို လာဖူးသည့် ကမ္ဘာလှည့်ခရီးသွား စံချိန်တင်မြင့်တက်
DVB
·
December 19, 2014
ရွှေတိဂုံဘုရားကို လာဖူးသည့် ကမ္ဘာလှည့်ခရီးသွား စံချိန်တင်မြင့်တက်
Donate to DVB

မြန်မာပြည်ရဲ့ အထွတ်အမြတ်ထားရာ  ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားအရေအတွက်ဟာ လေးနှစ်အတွင်း အမြင့် ဆုံးစံချိန်တင် ရောက်ရှိခဲ့တယ်လို့  ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

Tourists-Shwedagonရွှေတိဂုံစေတီတော်ကို ၂၀၁၄ နှစ်စကနေ နိုဝင်ဘာလကုန်အထိ ကမ္ဘာအနှံ့က နိုင်ငံခြားသားဧည့်သည် ၄၄,၂၉၄၇ လာရောက်ခဲ့ပြီး ဒါဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း လာရောက်မှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ တနှစ်လုံးမှာတော့ နိုင်ငံခြားဧည်သည် ၄ သိန်း ၁ သောင်းကျော်ပဲ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်ကြီးဟာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ့် ကမ္ဘာ့လည့်ခရီးသွားတွေအတွက် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့နေရာအဖြစ် ခရီးသွားကုမ္ပဏီတွေက ညွှန်းဆိုလေ့ရှိတာပါ။

ခရီးသွားအများစုက ရန်ကုန်မှာ ရွှေတိဂုံဘုရားကို အရင်ဆုံးလာရောက်ဖူးမြော်ကြပြီး  အခြားခရီးစဉ်တွေဖြစ်တဲ့ ပုဂံ၊ အင်းလေး စတဲ့ ဒေသတွေကို ဆက်သွားလေ့ ရှိကြပါတယ်။

ရွှေတိဂုံဘုရား ဂေါပကကတော့ ၁ လကို နိုင်ငံခြားသား ၁၀၀၀၀ လောက် ပိုဝင်လာနေပြီး ၀င်ကြေးအဖြစ် တဦးကို အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ ကောက်ခံတဲ့အကြောင်းနဲ့ နိုင်ငံခြားသားကြောင့် လှူဒါန်းငွေတွေ ပိုရတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013