DVB Logo
Home
နိုင်ငံတကာ
ဂရင်းလန်းကျွန်းသိမ်းမှု ဆန့်ကျင်သည့်နိုင်ငံများကို အခွန်တိုးကောက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
January 17, 2026
ဂရင်းလန်းကျွန်းသိမ်းမှု ဆန့်ကျင်သည့်နိုင်ငံများကို အခွန်တိုးကောက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
Donate to DVB

ဂရင်းလန်းကျွန်းသိမ်းယူတာနဲ့ပတ်သက်လို့ ဆန့်ကျင်တဲ့နိုင်ငံတွေကို အခွန်တိုးကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။ 

“ဂရင်းလန်းနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့ နိုင်ငံတွေကို အခွန်တိုးကောက်မယ်”လို့ ထရမ့်ပ်က အိမ်ဖြူတော်တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဘယ်နိုင်ငံကို အခွန်နှုန်းထားအသစ်တွေ ချမှတ်မယ်ဆိုတာတော့ မပြောခဲ့ပါဘူး။

ဒိန်းမတ်နဲ့ ဂရင်းလန်းတို့နဲ့အတူ တခြားနိုင်ငံတွေကလည်း ထရမ့်ပ်ရဲ့ အစီအစဉ်ကို ကန့်ကွက်ခဲ့ကြပြီး အမေရိကန်ရှိလူအများကလည်း ဒီအစီအစဉ်ကို ကန့်ကွက်ခဲ့ပါတယ်။

အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကလည်း ဂရင်းလန်းကို သွားရောက်ပြီး ဂရင်းလန်း ကျွန်းကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ 

ရီပတ်ဘလစ်ကန်အမတ်တွေ အပါအဝင် အဖွဲ့ဝင် ၁၁ ယောက်ပါ ကိုယ်စားလှယ်အဖွဲ့ဟာ ဒိန်းမတ်ဝန်ကြီးချုပ်၊ ဂရင်းလန်းအကြီးအကဲနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

ဂရင်းလန်းကျွန်းဟာ အမေရိကန်ရဲ့ လုံခြုံရေးအတွက် အရေးကြီးတယ်လို့ ပြောခဲ့ပြီး လွယ်ကူတဲ့နည်း ဒါမှမဟုတ် ခက်ခဲတဲ့နည်းတွေနဲ့ အရယူသွားမယ်လို့ ထရမ့်ပ်က ပြောပါတယ်။

“ဂရင်းလန်းကျွန်းကို ရယူမှုကို ဆန့်ကျင်တဲ့သူတွေကို ကျနော်အခွန်တွေထပ်ပြီး ချမှာပါ။ ဂရင်းလန်းဟာ ကျနော်တို့နိုင်ငံ လုံခြုံရေးအတွက် အရေးကြီးတာကြောင့် ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်” လို့ ထရမ့်က သောကြာနေ့က အိမ်ဖြူတော် အစည်းအဝေးမှာ ပြောပါတယ်။ 

ဂရင်းလန်းကို စစ်ရေးနဲ့ရယူသိမ်းပိုက်မယ်ဆိုရင် နေတိုးအဖွဲ့အဆုံးသတ်သွားမယ်လို့ ဒိန်းမတ် နိုင်ငံက သတိပေးထားပါတယ်။

နေတိုးအဖွဲ့မှာ အမေရိကန်ဟာ အင်အားအကြီးဆုံး အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ပြင်ပတိုက်ခိုက်မှုတွေကို အဖွဲ့ဝင်နိုင်ငံတွေ အပြန်အလှန်ကူညီဖို့ ကတိပြု ထားတာပါ။ 

နေတိုးအဖွဲ့ဝင်က တခြားအဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်တာမျိုးတော့ ဖြစ်ပွားခဲ့တာမျိုး မရှိသေးပါဘူး။ လက်ရှိအချိန်မှာ ဥရောပမဟာမိတ်တွေက ဒိန်းမတ်နိုင်ငံကို ပံ့ပိုးမှုပြုလုပ်ထားပါတယ်။

တရုတ်၊ ရုရှားတို့ရဲ့ ရန်ကို ကာကွယ်မယ်ဆိုရင် အမေရိကန်နဲ့အတူ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း တာဝန်ရှိတယ်လို့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ပြောထားပါတယ်။

ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ နယ်သာလန်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ တပ်ဖွဲ့ဝင်တွေကို ဂရင်းလန်းကျွန်းကို ပို့ဆောင်ထားပြီး ကင်းထောက်စစ်ဆင်ရေးလို့ နာမည်ပေးထားပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013