DVB Logo
Home
မြန်မာသတင်း
ဦးဘရန်ရှောင်ကို ပြန်လွှတ်ပေးရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ တောင်းဆို
DVB
·
December 19, 2014
ဦးဘရန်ရှောင်ကို ပြန်လွှတ်ပေးရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ တောင်းဆို
Donate to DVB

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့သမီးအတွက် ဖခင်ဖြစ်သူက စစ်တပ်ကို တိုင်တန်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်က တိုင်တန်းသူအပေါ် ပြန်လည်တရားစွဲထားတာကို လွှတ်ပေးလိုက်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ၆ ဖွဲ့က  မြန်မာသမ္မတ ဦးသိန်းစိန် ဆီကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပါတယ်။

[caption id="attachment_73145" align="alignright" width="317"]ဂျာဆိုင်းအိန် ဈာပနအခမ်းအနား ပြုလုပ်စဉ်က ဂျာဆိုင်းအိန် ဈာပနအခမ်းအနား ပြုလုပ်စဉ်က[/caption]

ကချင်ကျောင်းသူ မဂျာဆိုင်းအိန်ဟာ ၂၀၁၂ စက်တင်ဘာလတုန်းက ကချင်ပြည်နယ်မြောက်ပိုင်း ဖားကန့်ဒေသမှာ ကျောင်း ၀တ်စုံနဲ့ ကျောင်းသွားနေချိန်မှာ ကျည်ဆန်ထိမှန် သေဆုံးခဲ့ ရတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဘက်က အဲဒီမိန်းကလေးဟာ ကချင်သူပုန် အဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကြောင့် သေဆုံးရတာဖြစ်ပြီး သမီးဖြစ်သူ သေဆုံးမှုအတွက် စစ်တပ်ကို မဟုတ်မမှန် စွပ်စွဲတိုင်ကြားတဲ့ ဖခင်ဖြစ်သူ ဦးဘရန်ရှောင်ကို ထောင်ဒဏ် ၂ နှစ်ကျော် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဦးဘရန်ရှောင်ဟာ ၂၀၁၂ အောက်တိုဘာလမှာတော့ မြန်မာနိုင်ငံမှ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ သမ္မတဦးသိန်းစိန်တို့ဆီကို စာရေး တင်ပြခဲ့ပြီးနောက်မှာ တရားစွဲခံခဲ့ရပါတယ်။

စစ်တပ်ဘက်က လာရောက်ဖြေကြားသူတွေဟာ ဂျာဆိုင်းအိန် သေဆုံးမှု စုံစမ်းရေးကိစ္စမှာ ဖြစ်ရပ်ဖြစ်ပွားတဲ့နေရာမှာ ရှိမနေတဲ့သူတွေ ဖြစ်ပြီး၊ ဒီဖြစ်ရပ်အပေါ် အလေးထားမှု မရှိဘူးလို့ ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်လိုက်တဲ့ ထုတ်ပြန်ချက်မှာ စာပေးပို့တဲ့အဖွဲ့တွေထဲက တဖွဲ့ဖြစ်တဲ့ ဘန်ကောက်အခြေစိုက် Fortify Rights အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဒီအမှုမှာ အဓိကသက်သေဖြစ်တဲ့ ကျောင်းသူလေးကို အရေးပေါ်ခွဲစိတ်ပြီး သေဆုံးကြောင်း ကြေညာခဲ့တဲ့ ဆရာဝန်ကိုလည်း ချင်းပြည်နယ်ကို ပြောင်းရွှေ့တာဝန်ချထားလိုက်ပြီး တရားရုံးမှာ လာရောက် သက်သေထွက်ဆိုမယ့်သူ စာရင်းကနေ ဖယ်ရှားခဲ့တယ်လို့လည်း ထည့်သွင်းထားပါတယ်။

သမ္မတဆီ အိတ်ဖွင့်ပေးစာ ပေးပို့တဲ့ အဖွဲ့တွေကတော့ Fortify Rights အဖွဲ့၊  Harvard ဥပဒေကျောင်း နိုင်ငံတကာ လူ့အခွင့်အရေး ကုစားရေးအဖွဲ့၊ Human Rights Watch, Amnesty International, Physicians for Human Rights and the International Commission of Jurists အဖွဲ့တွေ ဖြစ်ပါတယ်။

ဒီလအစောပိုင်းကလည်း ကချင်လူ့အဖွဲ့အစည်း ၁၀ ဖွဲ့ ပူးပေါင်းပြီး ဂျာဆိုင်းအိန်အမှု အမှန်တရား ရှာဖွေရေး ကော်မတီ ဖွဲ့စည်းကာ ဒီအမှုကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားတဲ့ စာမျက်နှာ ၄၂ မျက်နှာပါ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013