DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားရန် ညှိနှိုင်းနေဆဲ
DVB
·
December 18, 2014
ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားရန် ညှိနှိုင်းနေဆဲ
Donate to DVB

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိပေမယ့် ဒီဇင်ဘာလအတွင်းသွားဖို့ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

DASSK HlaiBwe CapaliVillige19012014 “နှစ်ဖက်ညှိနှိုင်းနေဆဲဖြစ် အတွက်ကြောင့်မို့လို့ ခုလောလောဆယ်တော့ မရှိသေးဘူးလို့ ပြောထားပြီးသားပါ။ ဒီဇင်ဘာလထဲမှာ သွားဖို့ မရှိသေးပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုနှစ်ကုန် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံကို သွားမယ်လို့ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြီးခဲ့တဲ့ နိုဝင်ဘာလ လဆန်းက ဒီဗွီဘီနဲ့ မေးမြန်းစဉ် ပြောဆို ထားခဲ့တာဖြစ်ပါတယ်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာ ရေးရာဌာနက ထိပ်တန်းတာဝန်ရှိသူတဦးလည်းဖြစ်တဲ့ မစ္စတာ အိုင်ပင်း  ဒီနှစ်ဖေဖော်ဝါရီလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဋ္ဌာနချုပ်မှာ လာရောက်တွေ့ဆုံခဲ့ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားမယ့် သတင်းထွက်ပေါ်ခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲတုန်းက တရုတ် ကွန်မြူနစ်ပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ နှစ်ဖက် ထိပ်တန်း ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ လေ့လာရေးခရီး အနည်းဆုံး ၄ ကြိမ်လောက်သွားရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013