
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရထားလမ်းအထက် စီမံကိန်းလုပ်ငန်းခွင်က ကရိန်းတခု ရထားပေါ်ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၂၈ ယောက်အထိ သေဆုံးပြီး ၈၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက နခွန်ရက်ချာစီမာခရိုင်၊ ဆီခရိုမြို့နယ်မှာ ဖြစ်ပွားခဲ့တာပ။
ဘန်ကောက်ကနေ အူဘွန်ရက်ချာဌာနီကို ပြေးဆွဲနေတဲ့ ဒီရထားပေါ်မှာ ခရီးသည် ၁၉၅ ယောက် လိုက်ပါစီးနင်းလာတယ်လို့ သိရပါတယ်။
အရှိန်နဲ့မောင်းနှင်လာတဲ့ ရထားတွဲ ၃ တွဲပေါ်ကို ကရိန်းပြိုကျခဲ့တာဖြစ်ပြီး ရထားလမ်းချော်ကာ မီးလောင်ကျွမ်းမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ရဲမှူးကြီး သက်ချာပွန် ချင်နာဝေါင်က “လက်ရှိအချိန်ထိ သေဆုံးသူ ၂၈ ဦးရှိပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်” လို့ ရဲမှူးကြီး သက်ချာပွန် ချင်နာဝေါင်က ပြောပါတယ်။
သေဆုံးသူတွေဟာ ကရိန်းပိမိခဲ့တဲ့ ရထားတွဲတွေထဲက ဖြစ်တယ်လို့လည်း သိရပါတယ်။
ပို့ဆောင်ရေးဝန်ကြီး ဖီဖတ်ရက်ချာကစ်ပရာကန်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။
မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ကရိန်းဟာ တရုတ်နိုင်ငံနဲ့ ချိတ်ဆက်မဲ့ အမြန်ရထားလမ်းစီမံကိန်း လုပ်ငန်းခွင်က ဖြစ်ပါတယ်။
ဒီရထားလမ်းပိုင်းကိုတော့ ထိုင်းကုမ္ပဏီတခုက တာဝန်ယူ တည်ဆောက်နေတာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
Source:Reuters











