DVB Logo
Home
မြန်မာသတင်း
ဗုဒ္ဓဘားအမှု ဖမ်းထားသူများကို အမှု ၃ မှုဖြင့် စွဲချက်တင်၊ ဒီဇင်ဘာ ၂၆ ထပ်မံရုံးချိန်း
DVB
·
December 18, 2014
ဗုဒ္ဓဘားအမှု ဖမ်းထားသူများကို အမှု ၃ မှုဖြင့် စွဲချက်တင်၊ ဒီဇင်ဘာ ၂၆ ထပ်မံရုံးချိန်း
1 / 8
Donate to DVB

သာသနာတော်ညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်အရေးယူခံထားရတဲ့ V Grastro.bar ပိုင်ရှင်အပါဝင် ၃ ဦးကို ဒီကနေ့မနက်၁၀ နာရီက ဗဟန်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး အမှုသုံးမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဗဟန်းတရားရုံးမှာ ဒီကနေ့မနက် ၁၀ နာရီ စတင်စစ်ဆေးပြီး အမှုသုံးမှုနဲ့ ဆွဲချက်တင်လိုက်ပြီလို့ နယူးဇီလန်နိုင်ငံသား Mr. Phil Blackwood ရဲ့ရှေ့နေ ဦးမြသွေးက ဆိုပါတယ်။

သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား Mr. Phil Blackwood၊ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ဗဟန်းမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်တာပါ။

တရားလွှတ်တော်ရှေ့နေ ဦးမြသွေးက “ဖေ့စ်ဘွတ်ခ်မှာ ဗုဒ္ဓရဲ့ပုံတော်ကို စိတ်ငြိုငြင်အောင်တင်တဲ့အတွက် တရားစွဲခံရတယ်။ ၂၉ ၅၊ ၂၉ ၅(က)နဲ့ စွဲချက်တင်ထားတယ်။ အချိန်မတော်ဖွင့်လို့ ပုဒ်မ ၁၈၈နဲ့ စွဲချက်တင်ထားတယ်။ တရားရုံးကတော့ ဥပဒေနဲ့အညီစစ်ဆေးနေတယ်။ ငြိစွန်းတော့ ငြိစွန်းလိမ့်မယ်။ သူကတော့ ပြန်လည်တောင်းပန်ထားတယ်။ ဥပဒေအရ ထောင်တော့ကျမှာပဲ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဖေ့စ်ဘွတ်ခ်မှာ ဗုဒ္ဓပုံကို ဒီဂျေပုံစံသွားတင်ထားလို့” ပြောပါတယ်။

ဒီကနေ့မှာတော့ တရားလိုပြ သက်သေသုံးဦးကို စစ်ဆေးခဲ့တယ်လို့သိရပြီး စွပ်စွဲခံရသူ ၃ ဦးက သူတို့တွေအနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားတယ်လို့ သိရပါတယ်။

သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား Mr. Philip၊ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ပုဒ်မ ၂၉၅၊ ၂၉၅(က)နဲ့ ၁၈၈ တို့နဲ့ တရားစွဲထားတဲ့ ဒီအမှုအတွက် ဒီဇင်ဘာ ၂၆ ရက်နေ့ကို ရက်ချိန်းထပ်ပေးလိုက်ပါတယ်။

လက်ရှိမှာတော့ အသက် ၃၂ နှစ် ဖိလစ်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး တခြား ထိန်းသိမ်းထားတဲ့ ဆိုင်ပိုင်ရှင် ထွန်းသူရိန်နဲ့ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို သီးသန့် ထားသလို တဦးတယောက်နဲ့မှ တွေ့ခွင့်မပေးဘူးလို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

[gallery ids="74169,74171,74172,74173,74174,74175,74176,74177"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013