DVB Logo
Home
မြန်မာသတင်း
ရွှေဈေး ကျပ်သိန်း ၁၀၀ နားကပ်လာ
DVB
·
January 14, 2026
ရွှေဈေး ကျပ်သိန်း ၁၀၀ နားကပ်လာ
Donate to DVB

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့လတွေမှာ ဆက်တိုက် မြင့်တက်နေခဲ့ပြီး အခုအခါမှာ ရွှေဈေးဟာ တကျပ်သားကို ကျပ် သိန်း ၁၀၀ နားအထိ ရောက်လာခဲ့ပြီလို့ ပြည်တွင်းရွှေဈေးကွက်ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က တကျပ်သား ကျပ် ၉၄ သိန်း ၆ သောင်း ရှိခဲ့ရာကနေ အင်္ဂါနေ့မှာ ကျပ် ၉၈ သိန်း ၂ သောင်းကျပ်အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုပဲ ကမ္ဘာ့ရွှေဈေးဟာလည်း ပြီးခဲ့တဲ့ သောကြာနေ့မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၅၁၀ ရှိခဲ့ရာက ဒီတပတ် အင်္ဂါနေ့မှာ ၄,၆၀၈ ဒေါ်လာအထိ တက်ခဲ့တာကြောင့် ဒေါ်လာ ၁၀၀ နီးပါး မြင့်တက်လာခဲ့ပါတယ်။

ဒါ့ပေမဲ့ စစ်ကောင်စီအမိန့်နဲ့ သတ်မှတ်တဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းရဲ့ ရည်ညွှန်းဈေးကတော့ တကျပ်သား ကျပ်သိန်း ၆၀ မှာပဲ သတ်မှတ်ထားပါသေးတယ်။

ကမ္ဘာ့ရွှေဈေးတက်ရတဲ့ အဓိက အကြောင်းရင်းတွေကတော့ ပထဝီနိုင်ငံရေး ပဋိပက္ခတွေ၊ တင်းမာမှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ရွှေကို ပြောင်းပြီးကိုင်လာကြတာ၊ အမေရိကန် ဗဟိုဘဏ်ရဲ့ ထွက်ဆိုချက်အပေါ် အမေရိကန် တရားရေးအရာရှိတွေ စုံစမ်းစစ်ဆေးရေး လုပ်နေတာတွေကြောင့်ဖြစ်တယ်လို့ ဈေးကွက် စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပါတယ်။

ရွှေဈေးတက်လာတာနဲ့ အလားတူ မြန်မာပြည်တွင်း ငွေကြေးဈေးကွက်မှာလည်း အမေရိကန်ဒေါ်လာဈေးတွေ အနည်းငယ် ပြန်လည်မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ တဒေါ်လာကို ကျပ် ၄,၀၀၀ အောက် ရှိခဲ့ရာကနေ အခုတပတ် အင်္ဂါနေ့မှာတော့ တဒေါ်လာ ၄,၁၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013