DVB Logo
Home
မြန်မာသတင်း
ပါတီမူဝါဒအတိုင်းလုပ်ရန် ပြည်နယ်တိုင်းဥက္ကဋ္ဌများထံ ကြံ့ခိုင်ရေး အကြောင်းကြား
DVB
·
December 18, 2014
ပါတီမူဝါဒအတိုင်းလုပ်ရန် ပြည်နယ်တိုင်းဥက္ကဋ္ဌများထံ ကြံ့ခိုင်ရေး အကြောင်းကြား
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားအကျိုးစီးပွားအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြင်သင့်တာပြင်ဖို့ မူဝါဒချမှတ်ထားပြီး အဲ့ဒီမူဝါဒအတိုင်း လုပ်ဆောင်ကြဖို့ ပါတီဗဟိုက ပြည်နယ်တိုင်းတို့ကို စာပို့အကြောင်းကြားတာ ဖြစ်တယ်လို့ ပါတီရဲ့ တောင်ဥက္ကလာပမြို့နယ်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောပါတယ်။

USDPအခုလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပါတီဗဟိုရဲ့ ပြည်နယ်တိုင်းပါတီဥက္ကဋ္ဌတွေထံ ပေးပို့တဲ့ အကြောင်းကြားစာမှာ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်များကို အလေးအနက်ထား လုပ်ဆောင်ကြဖို့ ဖော်ပြပါရှိပါတယ်။

၆ ပွင့်ဆိုင်ဆွေးနွေးဖို့ကို ဘယ်လို အလေးအနက်ထားလုပ်ဆောင်ကြဖို့ အကြောင်းကြားစာ ပေးပို့တာလဲဆိုတော့ ဦးအောင်သိန်းလင်းက ဒါ ပါတီမူဝါဒလို့ ပြောပါတယ်။

“ပါတီရဲ့ မူဝါဒတွေအပေါ်မှာ အလေးအနက်ထားလုပ်ဖို့ဆိုပြီး ညွှန်ကြားတာ တွေ့ပါတယ်။ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့ပါတီ ကိုယ်စားလှယ်က တင်ပြီးတော့ အဆိုကလည်း အောင်သွားတယ်။ ၆ ပွင့်ဆိုင်တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့၊ အမျိုးသားအကျိုးစီးပွားနဲ့အညီ ပြင်ဆင်နိုင်ဖို့ပေါ့။ ပါတီအနေနဲ့ကလည်း အမျိုးသား အကျိုးစီးပွားနဲ့အညီ ဖွဲ့စည်းပုံမှာ ပြင်သင့်ပြင်ထိုက်တာတွေ ပြင်ဖို့ဆိုတဲ့ ရပ်တည်ချက် ရှိပါတယ်။ အကြောင်းကြားစာထဲမှာ ပါတီရဲ့ မူဝါဒတွေကို အမှတ်တမဲ့သဘောမထားဘဲ အလေးထားလိုက်နာဖို့ ဆိုထားတာပါ။”

အကြောင်းကြားစာကို ပြည်နယ်တိုင်းပါတီဥက္ကဋ္ဌတွေအပြင် အတွင်းရေးမှူးတွေနဲ့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်များထံ မိတ္တူပေးပို့ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လထဲ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဖို့ ထိပ်သီး ၆ ယောက် ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်အပေါ် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ၆ ပွင့်နဲ့ မလုံလောက်ဘူးလို့ သဘောထားမှတ်ချက် ပေးထားကြပါတယ်။

ဒီလထဲကျင်းပခဲ့တဲ့ တိုင်းဒေသကြီး၂ ခုရဲ့ လွှတ်တော်တွေမှာတော့ ၁၂ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပြီးတဲ့နောက် ပြည်ခိုင်ဖြိုးပါတီရဲ့ အခု အကြောင်းကြားစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013