DVB Logo
Home
နိုင်ငံတကာ
အီရန်အပေါ် စစ်ရေး၊ ဆိုက်ဘာ၊ စိတ်ဓာတ်စစ်ဆင်ရေး ကြိုက်ရာရွေးရန် ထရမ့်ပ်ထံ တင်ပြထား
DVB
·
January 13, 2026
အီရန်အပေါ် စစ်ရေး၊ ဆိုက်ဘာ၊ စိတ်ဓာတ်စစ်ဆင်ရေး ကြိုက်ရာရွေးရန် ထရမ့်ပ်ထံ တင်ပြထား
Donate to DVB

အီရန်အပေါ် သမားရိုးကျ လေကြောင်းတိုက်ခိုက်မှုထက် ပိုလွန်တဲ့ စစ်ရေး၊ ဆိုက်ဘာတိုက်ခိုက်မှု၊ စိတ်ဓာတ်စစ်ဆင်ရေး အပါအဝင် နည်းလမ်းမျိုးစုံ ရွေးချယ်နိုင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဆီကို စစ်ရေးဝန်ကြီးဌာနက တင်ပြထားတယ်လို့ CBS သတင်းဌာနက ဖော်ပြပါတယ်။

ဒီနည်းလမ်းတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့ဟာ ဇန်နဝါရီ ၁၃ ရက် အိမ်ဖြူတော်မှာ ဆွေးနွေးဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန် မီဒီယာကြီးတွေက ဖော်ပြပါတယ်။

အီရန်ကို စစ်ရေးအရ တိုက်ခိုက်မယ် ဆိုရင်တော့ လေကြောင်းတိုက်ခိုက်မှုနဲ့ တာဝေးပစ် ဒုံးကျည်တွေကို အဓိကသုံးဖို့ ရှိနေပါတယ်။

ဒါပေမဲ့ အီရန် ကွပ်ကဲရေး အဆောက်အအုံတွေ၊ ဆက်သွယ်ရေးတွေနဲ့ နိုင်ငံပိုင်မီဒီယာတွေကို နှောင့်ယှက်ဖို့ ရည်ရွယ်တဲ့ ဆိုက်ဘာစစ်ဆင်ရေးနဲ့ စိတ်ဓာတ်ဆင်ရေး နည်းလမ်းတွေကိုလည်း ပင်တဂွန်စစ်ရုံးချုပ်က တင်ပြထားတယ်လို့ ဆိုပါတယ်။

သမားရိုးကျစစ်အင်အားနဲ့အတူ ဆိုက်ဘာနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေ တပြိုင်နက် အကောင်အထည်ဖော်နိုင်ခြေ ရှိသလို သီးခြားစီလည်း ဖော်ဆောင်နိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံး ဆုံးဖြတ်ချက်တော့ မကျသေးဘဲ သံတမန်ရေးလမ်းကြောင်းတွေလည်း ဖွင့်ပေးထားဆဲ ဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူ ၂ ယောက်က CBS သတင်းဌာနကို အတည်ပြုပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ကာရိုလိုင်းလဲဗစ်ကတော့ သမ္မတက လိုအပ်တယ်ထင်ရင် စစ်ရေးနည်းလမ်းတွေ သုံးဖို့ စိုးရွံ့နေမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့ သံတမန်ရေး ကလည်း အမြဲတမ်း ပထမဆုံးရွေးချယ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်အစိုးရက လူသိရှင်ကြား ပြောနေတဲ့စကားတွေနဲ့ အမေရိကန်အစိုးရကို တိတ်တဆိတ် ညှိနှိုင်းပြောဆိုတာတွေနဲ့ တော်တော်ကွာနေတယ်လို့လည်း လဲဗစ်က မှတ်ချက်ပေးပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဝါရှင်တန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားပေမဲ့ စစ်ခင်းဖို့လည်း အသင့်ရှိတယ်လို့ တုံ့ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013