DVB Logo
Home
နိုင်ငံတကာ
ဂရင်းလန်းကျွန်းကို ထရမ့်ပ် မယူလျှင် ရုရှားနှင့်ပေါင်းနိုင်ကြောင်း သမ္မတဟောင်းပြော
DVB
·
January 13, 2026
ဂရင်းလန်းကျွန်းကို ထရမ့်ပ် မယူလျှင် ရုရှားနှင့်ပေါင်းနိုင်ကြောင်း သမ္မတဟောင်းပြော
Donate to DVB

ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြန်မြန်မလှုပ်ရှားဘူးဆိုရင် ကျွန်းသားတွေဟာ ရုရှားနဲ့ပူးပေါင်းဖို့ မဲခွဲဆန္ဒခံယူနိုင်တယ်လို့ ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌလည်းဖြစ်၊ သမ္မတဟောင်းလည်းဖြစ်တဲ့ ဒီမီထရီ မက်ဗီဒက်က ပြောကြားလိုက်ပါတယ်။

“ထရမ့်ပ် မြန်မြန်လုပ်ဖို့လိုတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် နောက်ရက်နည်းနည်းကြာရင်၊ ရုတ်တရက် လူထုဆန္ဒခံယူပွဲလုပ်ပြီးတော့ ဂရင်းလန်းကျွန်းသား ၅၅,၀၀၀ လုံးက ရုရှားထဲဝင်ဖို့ မဲပေးတာမျိုး ဖြစ်လာနိုင်တယ်” လို့ မက်ဗီဒက်က ပြောကြားခဲ့တယ်လို့ ရုရှား Interfax သတင်းအေဂျင်စီက ဇန်နဝါရီ ၁၃ ရက်မှာ ဖော်ပြပါတယ်။

“အဲဒါဆိုရင် အမေရိကန်အလံမှာ နောက်ထပ် ကြယ်အသစ် ထပ်မရှိတော့ဘူးပေါ့” လို့ မက်ဗီဒက်က မှတ်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ထရမ့်ပ် ကတော့ ဂရင်းလန်းကျွန်းဟာ မဟာဗျူဟာကျပြီး သယံဇာတကြွယ်ဝလို့ အမေရိကန်က ပိုင်ဆိုင်ဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။

ဂရင်းလန်းဒေသအစိုးရကတော့ ဘယ်လိုနည်းနဲ့မဆို အမေရိကန်က သိမ်းယူမှာကို လက်မခံဘူးလို့ ကြေညာချက်ထုတ်ထားပါတယ်။

ဂရင်းလန်းကျွန်းဟာ ဒိန်းမတ်ပြည်မ၊ ဖာရိုးကျွန်းစုတို့နဲ့အတူ ဒိန်းမတ်ဘုရင့်နိုင်ငံရဲ့ သုံးပြည်ထောင်ထဲမှာ ပါဝင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဖြစ်ပါတယ်။

ဂရင်းလန်း နိုင်ငံခြားရေးဝန်ကြီးဟာ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဝါရှင်တန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

၁၉၅၁ ခုနှစ် စာချုပ်အရ ဂရင်းလန်းမှာ အမေရိကန်တပ်စွဲဖို့ ခွင့်ပြုပြီးသား ဖြစ်တဲ့အတွက် သိမ်းဖို့မလိုအပ်ဘဲ သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ မျှော်လင့်တယ်လို့ ဒိန်းမတ်ဘက်က ပြောထားပါတယ်။

အမေရိကန်ကသာ ဂရင်းလန်းကျွန်းကို စစ်ရေးနည်းနဲ့ သိမ်းမယ်ဆိုရင် NATO အဖွဲ့ကြီးလည်း အဆုံးသတ်သွားမယ်လို့ ဥရောပ ကာကွယ်ရေးနဲ့ အာကာသရေးရာ မဟာမင်းကြီးကလည်း သတိပေးထားပါတယ်။

ဒိန်းမတ်ဝန်ကြီးချုပ် ပြောသလိုပဲ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)  အဆုံးသတ်သွားမှာ ဖြစ်သလို အမေရိကန်နဲ့ ဥရောပ ဆက်ဆံရေးအပေါ်မှာပါ နက်နက်ရှိုင်းရှိုင်း ဆိုးကျိုးသက်ရောက်သွားမယ်လို့ ကူဘီလီးယပ်စ်က ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013