DVB Logo
Home
Lead Story
မြန်မာ့အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန်မျှော်မှန်းဟု စီးပွား/ကူးသန်း ဒုဝန်ကြီး ပြော
DVB
·
December 18, 2014
မြန်မာ့အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးရန်မျှော်မှန်းဟု စီးပွား/ကူးသန်း ဒုဝန်ကြီး ပြော
Donate to DVB

မြန်မာပြည်မှာ အထည်ချုပ်လုပ်ငန်းကို ဘင်္ဂလားဒေ့ရှ်မှာလို ဖွံ့ဖြိုးအောင် မျှော်မှန်းထား တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ရေး ဒုဝန်ကြီး ဦးပွင့်ဆန်းက ပြောတာကို ဒေးလီးစတား အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

[caption id="attachment_74158" align="alignright" width="433"]လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံအား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံအား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption]

ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ကုန်သွယ်ရေး အဖွဲ့က စီစဉ်တဲ့ အစည်းအဝေးကို ကျင်းပဖို့ ဒါကာမြို့မှာ ရောက်နေတုန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာပြည်မှာ အထည်ချုပ်လုပ်ငန်း တိုးတက်နေပြီး အ၀တ်အထည်တွေ အဓိက ထုတ်လုပ်တဲ့ နိုင်ငံဖြစ်အောင် ရည်မှန်းထားတယ်လို့ ဦးပွင့်ဆန်းက ပြောပါတယ်။

လက်ရှိ မြန်မာပြည်မှာ အထည်ချုပ်စက်ရုံပေါင်း ၂၄၀ ရှိနေပြီး အလုပ်သမား ၂ သိန်း ၂ သောင်း ၀န်းကျင်ဟာ အထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေတယ်လို့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များ အသင်းရဲ့ စာရင်းက ဆိုပါတယ်။

ပြည်ပပို့ကုန် တန်ဖိုးမှာ အထည်ချုပ်လုပ်ငန်း ထုတ်ကုန်ရဲ့တန်ဖိုးက ၁၀ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်း အထိ ရှိပြီး ၂၀၁၃ ခုနှစ်က အမေ၇ိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ အထိ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်က အမေရိကန် ဒေါ်လာ ၃၉၆ သန်း ရှိရာကနေ တိုးတက်လာတာ ဖြစ်ပါတယ်။။

နောက်ထပ် ၁၀ နှစ်အတွင်းမှာ နိုင်ငံခြားကို အ၀တ်အထည် ပို့ကုန် တန်ဖိုး ၁၀ ဘီလီယံ အထိ ရှိဖို့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်းက မျှော်မှန်းထားတယ်လို့ သတင်းကဆိုပါတယ်။

မြန်မာအထည်တွေကို ဂျပန်နိုင်ငံက အဓိက ၀ယ်ယူပြီး ပို့ကုန် တန်ဖိုးရဲ့ ၄၈ ဒသမ ၈ ရာခိုင်နှုန်းကို ၀ယ်ယူနေတာဖြစ်ပါတယ်။ ဒုတိယ အများဆုံး တင်ပို့တဲ့ နိုင်ငံက တောင်ကိုရီးယား ဖြစ်ပြီး ၃၃ ဒသမ ၃ ရာခိုင်နှုန်း၊ အဲဒီနောက် ဂျာမနီက ၅ဒသမ ၄ နဲ့ တရုတ်က ၂ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး တင်ပို့နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013