DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအင်အားစုများ ပြည်တွင်းပြန်ဝင်ရေး မူဝါဒများ ချမှတ်ရန် တောင်းဆို
DVB
·
December 18, 2014
နိုင်ငံရေးအင်အားစုများ ပြည်တွင်းပြန်ဝင်ရေး မူဝါဒများ ချမှတ်ရန် တောင်းဆို
1 / 2
Donate to DVB

စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစိုးရက အကောင် ထည်ဖော်ချင်တယ်ဆိုရင် ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ရေးအတွက် တိကျတဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_74151" align="alignright" width="430"]အစိုးရက ပြည်ပရောက်နိုင်ငံရေး အင်အားစုတွေအတွက် ရှင်းလင်းတိကျတဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်ရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် အစိုးရက ပြည်ပရောက်နိုင်ငံရေး အင်အားစုတွေအတွက် ရှင်းလင်းတိကျတဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်ရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[/caption]

အစိုးရက ပြည်ပရောက်နိုင်ငံရေး အင်အားစုတွေအတွက် ရှင်းလင်းတိကျတဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်မှုတွေ မရှိတဲ့အတွက် ပြည်တွင်းကို ပြန်လည် ၀င်ရောက်နေသူတွေအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ညီမျှခြင်းမြန်မာ၊ မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့တို့ ဒီဇင်ဘာ ၁၈ ရက်က ပူးပေါင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့တာဝန်ခံ ဒေါ်ခင်ဥမ္မာက တောင်းဆိုချက် ၃ ချက် တောင်းဆိုခဲ့သလို ဒီအထဲမှာ နိုင်ငံရေး အမြင်မတူတဲ့သူတွေကို ဒီမိုကရေစီရေး လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ဖို့ ကန့်သတ်ချုပ်ချယ်တာတွေ မလုပ်ဖို့၊ စစ်အစိုးရလက်အောက်မှာ ဒီဖြစ်စဉ်တွေကို ဆောင်ရွက်တဲ့အတွက် နိုင်ငံရပ်ခြားကို ထွက်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လိုသူတွေအတွက် ဒီမိုကရေစီနဲ့ အမျိုးသား သင့်မြတ်ရေးအပေါ် အခြေခံတဲ့ ရှင်းလင်းတဲ့ မူဝါဒတွေ ချမှတ်ဖို့ တောင်းဆိုလိုက်တယ်လို့ ပြောပါတယ်။

“ဒီမူဝါဒထဲမှာ ဘာတွေပါရမလဲဆိုရင် နိုင်ငံရေး အတိုက်အခံအင်အားစုတွေ ပြန်လည် ၀င်ရောက် လာတာကို နိုင်ငံရေးအရ အသိအမှတ်ပြုဖို့ လိုပါတယ်။ မူဝါဒတွေ ရေးဆွဲတဲ့နေရာမှာ အသိအမှတ်ပြုမှုတွေ ထည့်သွင်းရေးဆွဲရမယ်။ ပြီးရင် အပြီးပြန်ပြီး အခြေချနေထိုင်လိုသူတွေ နိုင်ငံသား ပြန်လျှောက်ရင် သူတို့အပေါ်မှာ အငြိုးမထားဘဲ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အာမခံနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ဖို့လိုတယ်ပေါ့နော်၊ ပြီးရင် အဲဒါတွေကို အများပြည်သူသိအောင် တရားဝင် အသိပေးကြေညာဖို့ လိုပါတယ်” လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

ဒါအပြင် ပြန်လည် အခြေချနေထိုင်သူတွေကို နိုင်ငံရေး ကင်းစင်ကြောင်း၊ နိုင်ငံရေးမှာ ပါဝင် ပတ်သက်တော့မှာ မဟုတ်ကြောင်း စတဲ့ လတ်မှတ်ထိုးခိုင်းတာတွေကို ရပ်ဆိုင်းပြီး ဗီဇာကို ပစ်မှတ်ထား ကန့်သတ်တာတွေကို အစိုးရက မပြုလုပ်ဖို့လည်း တောင်းဆိုတယ်လို့ သူက ပြောပါတယ်။ ­­­­­­­

ဒါအပြင် အမည်ပျက်စာရင်း ထားရှိတယ်ဆိုတဲ့ သတင်းတွေထွက်နေသလို ရှိတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ကြေညာဖို့၊ ပြန်အခြေချတဲ့သူတွေကို လွတ်လွတ်လပ်လပ်သွားလာခွင့် နိုင်ငံရေး ပါဝင်ခွင့်ကို အာမခံပေးဖို့၊ စောင့်ကြည့် အနှောင့်အယှက်ပေးတာတွေ မလုပ်ဖို့၊ ရွေးကောက်ခံ ပိုင်ခွင့်ကိုလည်း ဥပဒေအရ မတားမြစ်ဖို့ တောင်းဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်တက်လာပြီးတဲ့နောက် မြန်မာနိုင်ငံသားနဲ့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ နိုင်ငံတာက တက်ကြွလှုပ်ရှားသူ ၂၀၀၀ ကျော်ကို အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးခဲ့သလို နိုင်ငံကို ပြန်လာဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ၄ နှစ်ကာလတိုင်အောင် တိကျတဲ့မူဝါဒနဲ့ အကောင်ထည်ဖော်ခဲ့ခြင်း မရှိသလို မကြာခင်က အဆိုတော် ကိုမွန်းအောင်ဟာလည်း ပြည်ဝင်ခွင့်ဗီဇာ အငြင်းပယ်ခံခဲ့ရပါတယ်။

ဒါအပြင် မကြာသေးမီက ကြေညာခဲ့တဲ့ အမြဲတမ်းနေထိုင်ခွင့် ဗီဇာ လျှောက်ထားရာမှာလည်း ဒုက္ခသည်အဖြစ် ခံယူထားသူတွေနဲ့ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံထားတဲ့သူတွေ ဒီဗီဇာကို လျှောက်ထားပိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်ဟာလည်း ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ အတွက် အခက်အခဲတခု ဖြစ်စေပါတယ်။

၂၀၁၂ ခုနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး အင်အာ စုတွေ ဂုဏ်သိက္ခာ ရှိရှိပြန်လာတာဟာ အပြောင်းအလဲအတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတခုအနေနဲ့ ပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ အစိုးရနဲ့ နိုင်ငံရေး အမြင်မတူတဲ့သူတွေ ပြည်နှစ်ဒဏ်ပေးခံရတာ၊ ဗီဇာငြင်းပယ် ခံရတာ၊ နိုင်ငံသား လျှောက်ထားရာမှာ အချိန်ကြာမြင့်တာ စတဲ့ အဖြစ်တွေ ရင်ဆိုင်နေရသလို နိုင်ငံရေး အမြင်တူတဲ့သူတွေကတော့ အခက်အခဲ တစုံတရာ မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013